ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူရွာကို MRDA တပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်မြောက်ဘက်ရှိ ဇီးဖြူကုန်း ပျူရွာကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)တပ်ဖွဲ့မှ မေလ ၂၁ ရက် နံနက် ၁၁ နာရီ အချိန်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ၆၀ မမ လက်နက်ကြီး ၁၂ လုံး သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေ ရှိပါတယ်ဗျ။ ရန်သူ ဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး” ဟု MRDA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါး တပ်တော်( MRDA )နှင့် ဒေသခံများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇီးဖြူကုန်း ပျူရွာတွင် စစ်ကောင်စီတပ် နှင့် ပျူအင်အား ၁၀၀ ခန့် ရှိပြီး နီးစပ်ရာ ကျေးရွာများကို မကြာခဏ ဝင်ရောက်မွှေနှောက်ကာ ပြည် သူပိုင် ပစ္စည်းများကို လှည်းများဖြင့် သယ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) အနေဖြင့် ၎င်း ပျူရွာကို လက်နက်ကြီးများဖြင့် ရက်ခြားပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံမှ သိးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s