ဖားကန့်မြို့က ဥရုခ တည်းခိုခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်စီးပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊လုံးခင်းကျေးရွာအုပ်စု၊ အမှတ် (၅) ရပ်ကွက်ရှိ ဥရုခ တည်းခိုခန်းကို ယမန်နေ့ မေလ ၂၅ ရက် နံနက် ၄ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အမျိုးသားငါးဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းအမျိုးသား ငါးဦးကို ကေအိုင်အေတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟုလည်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ခလရ (၇၆) တပ်နှင့် ဖားကန့်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့သည် လုံးခင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ဥရုခတည်းခိုခန်းလိုက်ပို့ရန် ခေါ်ဆောင်သွားပြီးနောက် ယခုကဲ့သို့ ဝင်းစီးခဲ့ခြင်း ဖြစ် ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းသိရှိရသည်။

“မနက် ၃ နာရီခွဲလောက်မှာ ဒီရပ်ကွက်ထဲက လူငယ်တစ်ယောက်ကို ဖမ်းပြီး၊ အဲ့တည်းခိုခန်းနေရာ လိုက်ပို့ခိုင်းတယ်။ အဲမှာရောက်တော့ သူတို့က တည်းခိုခန်းတစ်ခုလုံး ဝိုင်းပြီး တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ ဝင်စစ်ဆေးပြီး ဖမ်းတော့တာပဲ ” ဟု လုံခင်းကျေးရွာနေ သတင်းအရင်းအမြစ်က ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှုများပြုလုပ်ခြင်းမှာ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူများ မကြာ ခဏ ပစ်ခတ်ခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြု ပြောဆိုကြသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အသက် ၂၀ အရွယ် ကိုဆိုင်းထွယ်နော်၊အသက် ၄၀ အရွယ် ဦးအိုက်ပီး၊ ဦးအိုက်မြင့်မောင် နှင့် အမည်စုံစမ်းနေဆဲ အမျိုးသားနှစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တည်းခိုခန်းကို ဝင်ရောက်စီးနင်းပြီးချိန် နံနက် ၅ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးအား မျက်နှာနှင့် လက်နှစ်ဖက်ကို တိပ်များပတ်၍ သေနတ်ဖြင့်ပစ်သတ်သွားသည်ဟုဒေသခံများက ပြောသော်လည်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်းလည်း မသိရသေးပေ။

အဆိုပါ ဥရုခတည်းခိုခန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် နံနက်အစောပိုင်းက ဖားကန့် Happy KTV တွင် ဗိုလ်မှူးဇော်မောင်နှင့်အတူ ကေအိုအေတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ရှင်းလင်းခြင်းကိုခံခဲ့ရသည့် လုပ်ငန်းရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သော ဦးဘတုတ်ပိုင်ဆိုင်သည့် တည်းခိုခန်းဖြစ် သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s