ဗန်းမောက်တွင် စစ်တပ် လေကြောင်းတိုက် ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ နောင်ကန်ကျေးရွာကို မေ ၂၅ ရက် ညဦးပိုင်းအချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အ မျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက် သေဆုံးသွားတယ်လို့ Banmouk Revolution-BR အဖွဲ့က မေ ၂၆ ရက် ဒီနေ့မနက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။

“နောင်ကန်ရွာထဲကို မေလ ၂၅ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်မှာ လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲချသွားတာ၊ နေအိမ် ခြောက်လုံးပျက်စီးပြီး အသက် ၆၆ နှစ်အရွယ် အမျိုးသား တယောက်နဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး တယောက် ထိခိုက်သေဆုံးသွားတယ်” လို့ Banmouk Revolution-BR အဖွဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲခံရတဲ့ နောင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ တခြားဆီဖြစ်ပြီး တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။

အင်တာနက်လိုင်း အခက်အခဲကြောင့် သတင်းဓာတ်ပုံတွေ မရရှိသေးတဲ့အတွက် ဓာတ်ပုံတွေရရင် ထပ်မံပေးပို့ ထုတ်ပြန်ပေးသွားမယ်လို့ BR အဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s