ဗန်းမောက်မြို့ သရက်ကုန်းရွာအနီးရှိ ကူးဆိပ်စျေးတန်းကို စစ်တပ် လက်အောက်ခံ ရှမ်းနီ SNA တပ်က ပစ္စည်းများကို ခိုးယူ၍ မီးရှိူ့ဖျက်ဆီး
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ သရက်ကုန်းရွာအနီးရှိ ကူးဆိပ်စျေးတန်းကို စစ်ကောင်စီ လက် အောက်ခံ SNA ရှမ်းနီတပ်က ဈေးအတွင်းရှိ ပစ္စည်းများကို ယူဆောင်၍ မီးရှို့သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“၄ လပိုင်း ၁၂ရက် ။စျေးတန်း တစ်တန်းလုံးပါ ပစ္စည်းတွေယူပြီး မီးရှို့ပါတယ်။ ကြောင်လည် အနောက်ထဲမှာပါ။ ရွှေမှော်စျေးတန်းပါ ရှမ်းနီ SNA တပ်က ရှို့တာပါ။ အသတ်ခံရတာ တွေလည်း ရှိတယ်”ဟု အဆိုပါ ဈေးတန်းတွင် ဆိုင်ဖွင့်ထားသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။
မီးရှို့ဖျက်ဆီးခံရသည့် ပိုင်ရှင်များတွင် ကျပ် သိန်းထောင်ချီ ဆုံးရှုံးသူများလည်း ရှိကြောင်း အသတ်ခံရသူများလည်း ရှိပြီး လုံခြုံရေးအရ ဖွင့်မပြောကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါဈေးတန်းတွင် ဆိုင်ခန်းဖွင့်လှစ်ကြသူများမှာ ရွှေ့ပြောင်းနေထိုင်ကြသူများပြီး ပင်လယ်ဘူးမြို့မှ လာရောက်ကြသူများကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ khit thit