မူးမြို့နယ်၊ ရန်မျိုးအောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲမှု နေအိမ် ၁ လုံး ပျက် စီးပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ

KNU တပ်မဟာ ၃၊ မူးမြို့နယ်ရှိ ရန်မျိုးအောင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။

မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၄ မိနစ်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ်အတွင်းရှိ ရန်မျိုးအောင် ကျေးရွာကို အကြမ်းဖက်စစ်တပ်၏ ခလရ-၆၀ မှ စစ်သားများက Drone ဖြင့် ၂ ကြိမ် ဗုံးကျဲပြီး လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ရန်မျိုးအောင်ကျေးရွာသား စောကဘောစေး၏ နေအိမ်ကို ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ နေအိမ် မီး လောင်မှုကြောင့် ကျေးရွာနေ ပြည်သူများသည် ထွက်ပြေး တိမ်းရှောင်နေသည့် နေရာမှ မီးလောင်သည့်အိမ်ကို မီးသတ်ရန် ပြန်လာစဥ် အ ကြမ်းဖက် စစ်တပ်က စနိုက်ပါဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ပြန်ပြေးလာရကြောင်း သိရသည်။

ရန်မျိုးကျေးအောင်ကျေးရွာတွင် နေအိမ် ၁၄၇ လုံးရှိပြီး လူဦးရေ ၁၀၂၀ ဦး ရှိကာ အကြမ်းဖက် စစ်တပ်က ရန်မျိုးအောင်ကျေးရွာအတွင်းသို့ အဆက်မပြတ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ၂၀၂၂ခုနှစ် ဇွန်လမှစ၍ လက်ရှိချိန်အထိ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခလရ-၆၀ မှ စစ်သားများသည် မေလ ၂၁ ရက်နေ့ကလည်း ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ နောင်ကုန်းကျေး ရွာ အတွင်း Drone ဖြင့် ၂ ကြိမ် ဗုံးကျဲပြီး လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s