ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး- CTPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ၂၅ ရက် နံနက် ၈ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်း ပျုရွာမှ အင်းအား ၂၀၀ခန့် ပါ စစ်ကြောင်းသည် လယ်ရှည်ရွာ၌ တစ်ညအိပ်ခဲ့ပြီး ဘန့်ဘွေးပျုရွာစခန်းသို့ ထွက်ခွာလာစဉ် တိုက်မိုင်း ၃ ပွိုင့် မိပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဘန့်ဘွေးပျူရွာမှ ထွက်ခွာ လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဘန့်ဘွေးရွာအနီး၌ ပဒေသမိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းက အလုံး ၆၀ လောက် ခွဲဖို့ ခင်းထားပေမယ့် မုန်တိုင်းကြောင့် ရေဝင်တာတွေ error တက်တာတွေကြောင့် မိုင်းအကုန် မခွဲနိုင်ခဲ့ဘူး။ အ ကုန်ပေါက်ကွဲလို့ကတော့ စစ်ခွေးသေစာရင်း ဒီထက်မကဘူး များနိုင်တယ်” ဟု ချင်းတွင်းတိုက်ဂါး- CTPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ယနေ့‌မေလ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဘန့်ဘွေးပျုရွာ သုသာန်၌ သေနတ်များ ပစ်ဖောက်ကာ သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းတိုက်ဂါး – CTPDF ၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊ ဗိုလ်ဆံရှည် အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s