ရုပ်ရှင်မင်းသား ဒေါင်းပါဝင်သော “ကျောက်ဖရားမှ ဧရာ၀တီ သို့” ရုပ်သံ ဇတ်လမ်း တွဲက ဆုနှစ်ဆုရရှိ

ရုပ်ရှင်မင်းသား ဒေါင်းပါဝင်သော “ကျောက်ဖရားမှ ဧရာ၀တီ သို့” ရုပ်သံ ဇတ်လမ်းတွဲသည် ယနေ့ ည ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်ပြုလုပ်သည့် Nine Entertainment Awards 2023 ပွဲတွင် ဆုနှစ်ဆုရရှိ သွားကြောင်း သိရှိရသည်။

“ကျောက်ဖရားမှ ဧရာ၀တီ သို့” ရုပ်သံဇတ်လမ်းတွဲသည် Drama Branch of the Year နှင့် Creative Team of the Year အတွက် ဆန်ခါ တင် ဆုနှစ်ဆု ရရှိခြင်းဖြစ်ပြီး သရုပ်ဆောင်ဒေါင်းသည် ထိုင်းသရုပ်ဆောင် မင်းသမီး Tangtang Natruji Wisuana နှင့်အတူပွဲတက်လာခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် သရုပ်ဆောင်ဒေါင်းက စစ်အာဏာသိမ်းမှု အောက်မှ မြန်မာပြည်သူများကို သတိရပြီး ပြည်သူများအတွက် တရားမျှ တမှုလိုအပ်ကြောင်း သရုပ်ဆောင်ဒေါင်းက ပြောဆိုသွားသည်။

“ကျနော် ထိုင်းနိုင်ငံကို တစ်လ လာနေပြီးနောက်ပိုင်းမှာ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ ဒီအချိန်မှာ ကျနော်တို့ ပြည်သူတွေကို သတိရပါတယ်။ ကျနော်တို့မှာ တရားမျှတမှု လိုအပ်နေပါတယ်” ဟု သရုပ်ဆောင်ဒေါင်းက ဆုပေးပွဲ အခမ်းအနားတွင် ပြောဆိုသွားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s