ရေဦးမြို့နယ်၊ ဖိန်းကားရွာရှိ အသက် ၈၀ အ ရွယ် အဖွားအိုကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဖိန်းကားရွာနေ အသက် ၈၀ အရွယ် အဖွားအိုကို အကြမ်းဖက်စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦး အခြေပြု People’s Defencse Commrade မှ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်က ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၅ ရက် နံနက် နံနက်ပိုင်းက ရေဦးမြို့ပေါ်မှ အင်အား ၁၂၀ ခန့်ဖြင့် ရေဦးမြို့နယ်၊ မြောက်ခြမ်းရှိ ဖိန်းကားရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး ဖိန်းကားကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အသက် ၈၀ အရွယ် ဒေါ်သောင်းကြည်ကို နေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတာက အသေအပျောက်လဲရှိနိုင်တယ်၊ အထိနာပြီး ရွာထဲဝင် ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့သူကို ရက်ရက်စက်စက်မီးရှို့သတ်သွားတာ ရေဦးအထိုင်တပ်မ ၁၁ တပ်ပဲ ရွှေဘိုလက်အောက်ခံတပ်၊ ပျူစော ထီးတွေလဲပါတယ်၊ တခြားဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ပြည်သူတွေတော့မရှိဘူး၊ ရွာထဲမှာ မပြေးနိုင်လို့ကျန် ခဲ့တဲ့သူကိုလည်း သတ်ပြီး အလောင်းဖျောက်ပစ်တဲ့သဘောပဲ၊ အခုချိန်အထိ ဘယ်သူမှ ရွာတွေထဲ ပြန်မ ဝင်နိုင်သေးဘူး” ဟု People’s Defencse Commrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ယမန်နေ့ညက ချောင်းဦးရွာအတွင်း၌ တပ်စွဲကာ ယနေ့နံနက်ပိုင်း တွင် ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ခင်ဦးမြို့နယ် အစပ်ရှိ အောင်သာကျေးရွာပျူစောထီးစခန်းသို့ ဝင် ရောက်တပ်စွဲခဲ့ကြောင်း၊ အောင်သာရွာဘက်မှ ရေဦးမြို့နယ်အနောက်ခြမ်းသို့ ပြန်လာနိုင်သဖြင့် အနောက်ခြမ်းမှ ပြည်သူများမှာလည်း ထိတ်လန့်နေကြရသည်ဟု ဆိုသည်။

ထို့သို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးနေမှုကြောင့် ရေဦးမြို့နယ်၊ မြောက်ဘက်ခြမ်းရှိ ပန်းကုံး၊ ဗိုလ်ရုံ၊ အုန်းနှဲပေါင်း၊ ဖိန်းကား၊ ချောင်းဦး၊ ဇီးကန်၊ စခန်းသာ၊ မုံတိုင်ပင်၊ ကံပေါက်၊ ဆပ်သေ၊ အင်တော စသည့်ကျေးရွာများမှ ပြည်သူ ၅၀၀၀ နီးပါ ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရကြောင်း အရေးပေါ် စားနပ် ရိက္ခာ အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s