လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တပြိုင်နက်တည်း PDF က ဝင်ရောက် ပစ်ခတ်မှုတွင် Non-CDM ဒုလဝက ဦးစီးမှူး သိန်းမင်း လတ် သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းကို တပြိုင် နက်တည်း ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ Non-CDM ဒုလဝကမှူး သိန်းမင်း လတ် သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တပ်ဖွဲ့(Guerilla Dawei) က ပြော သည်။

မေလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် လောင်းလုံးမြို့ပေါ်ရှိ အဆိုပါရုံး ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ ခြင်းဖြစ်ပြီး လဝကရုံးအားဝင်ရောက်စီးနင်းမှုတွင် လဝက ဦးစီးမှူးမှာ ခုခံပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွား ပြီး ဒုလဝက မှူး သိန်းမင်းလတ်မှာ ပြတင်းပေါက်မှ ခုန်ထွက်ရန်ကြိးစား နေချိန် ပစ်ခတ် ရှင်းလင်း ခဲ့လိုက်ကြောင်း သိရသည်။

“ရဲစခန်းကို 79 ၊ ၄၀ မမ လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်၊ ခွေးတွေ ဘက်ကတော့ မောင်းပြန် တွေနဲ့ ရမ်းသမ်းပစ် ခတ်တာရှိခဲ့တယ်ဗျ၊ စရဖရုံးကို ဝင်ပစ်ခတ်ချိန်မှာတော့ အ ပြန်အလှန်ပစ်ခတ်မှုက တော်အပြင်းထန်တယ်၊ အင်အား မမျှလို့ ပြန်ဆုတ်လာခဲ့ရတာ၊ လဝကရုံးကို ဝင်စီးတဲ့အချိန်မှာ လဝက ဦးစီးမှူးက ပစ္စတိုနဲ့ ပြန်ပစ်လို့ ကျနော်တို့ ရဲဘော်တစ်ဦး ထိခိုက်ခဲ့တယ်၊” ဟု Guerilla Dawei တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ထို့အပြင် စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ချဉ်းကပ်ပြီး ၄၀ မမ ဗုံးသီး လောင် ချာဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ လက်နက်အင်အား ကွာဟသဖြင့် ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းနှင့် စရဖရုံးကို ပစ် ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု မသိရသေးဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ ၁ Guerilla Dawei -ထားဝယ် ပြောက် ကျားတပ်ဖွဲ့ နှင့် ထား ဝယ်နဂါး တပ်ခွဲ ၅ တို့က နန်းထိုက် အောင်စစ် ဆင်ရေး အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့နေ ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်အသိပေးထားသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မြို့ ပေါ် နေပြည်သူ ၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း သေဆုံးသွားသော ဒုလ၀ကမှူး သိန်းမင်းလတ်သည် အသက် ၄၅ နှစ်အရွယ်ရှိပြီး မွန်ပြည်နယ် ၊ ဘီးလင်းမြို့မှ ဖြစ် ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို မေလ ၂၅ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s