NUG အစိုးရ ဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဦးထင်းလင်အောင်တို့ အမေရိကန်၊ကယ်လီဖိုးနီးယား ပြည်နယ် လွှတ်တော်သို့ သွားရောက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် ဦးထင်းလင်အောင်တို့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် လွှတ်တော်သို့ သွားရောက်ကြောင်း သိရှိရသည်။

မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် NUG အစိုးရ ဝန်ကြီး နှစ်ဦးသည် ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော် သို့ရောက်ရှိရာ ပြည်နယ်ဆီးနိတ်လွှတ်တော်အမတ်များက လွှတ်တော် အစည်းအဝေးမစတင်မီ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြကြောင်း၊ မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လွှတ်တော်အမတ် Senator Benjamin J Allen နှင့် မြန်မာပြည်ရေးရာကိစ္စရပ်များ သီးခြားဆွေးနွေးကြကြောင်း သိရှိရသည်။

ထို့ပြင် NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး နှင့် ဦးထင်လင်းအောင်တို့ သည် မေလ ၂၄ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် စက်ကရက်မက်တို မြို့သို့ရောက်ရှိပြီး Sacramento နှင့် Central Valley မှ မြန်မာမိသားစုများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြကြောင်း၊ မြန်မာမိသားစုများမှ မြန်မာပြည်သူ ပြည်သားများ၏ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး၊ သတင်း နှင့် နည်းပညာ ဖွံ့ဖြိုးရေးတို့အတွက် အမေရိကန်ဒေါ်လာ ၃ သောင်းကျော်ကို လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s