ကချင်စစ်ဘေးရှောင်များ၏ နေရပ်ပြန်ခရီး

တိုက်ပွဲများကြောင့် ၁၁ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည့် ကချင်ပြည်နယ်မှ ဒေ သခံများ ယခုနှစ် မတ်လအတွင်း စိုးရိမ်ပူပန်မှုများနှင့်အတူ နေရပ်ပြန်ကြပြီဖြစ်သည်။

မြန်မာစစ်တပ်နှင့် က ချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အကြား ၂၀၁၁ ခုနှစ်အတွင်း စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အိုး အိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံအရေအတွက်မှာ သိန်းဂဏန်းအထိရှိခဲ့သည်။

မြစ်ကြီးနား၊ ဝိုင်းမော်နှင့် KIO ထိန်းချုပ်ဒေသများတွင် ခိုလှုံနေသည့် ဒေသခံများမှာ ပြီးခဲ့သည့်မတ်လစ၍ မိမိ နေရပ်ပြန်ခြင်းဖြစ်ကာ အရေ အတွက်အားဖြင့် မည်မျှရှိသည်ကိုမူ မသိရပေ။ မြို့ပေါ်ရှိ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် အာဏာသိမ်းစစ်ကောင်စီက လာရောက်ပြောဆိုမှုများလည်းရှိခဲ့သည်။

အချိန် ၁၁ နှစ်ကျော်ကြာ စွန့်ပစ်ထားခဲ့ရသည့်အတွက် နေအိမ်နှင့် လယ်ယာအိမ်ခြံမြေများ ပျက်စီးနေပြီဖြစ် ရာ ကချင်စစ်ဘေးရှောင်များအ နေဖြင့် ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေး အကူအညီလိုအပ်နေသည်။

“အိမ်တွေလည်း ချုံတောဖြစ်သွားတော့ ညဘက်ဆိုလည်း အရမ်းကြောက်တယ်။ အိမ်ဝန်းထဲမှာလည်း က တုတ်ကျင်းတွေ အများကြီးရှိတော့ တိုက်ပွဲဖြစ်တဲ့အချိန်က ဘယ်လိုတွေဖြစ်ထားမလဲ။ စစ်လက်နက်ကျန် တွေများရှိနေမလား မသိနိုင်ဘူးလေ” ဟု ဝိုင်းမော်မြို့နယ် ဂါးရာယန်ရွာသို့ ပြန်ရောက်နေပြီဖြစ်သည့် ဒေါ် ခါန်ရှောင်က ဆိုသည်။

ဝိုင်းမော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေခဲ့သည့် အသက် ၉၀ အရွယ် ဒေါ်မရန်လုကလည်း “အရင် ကတော့ ကျွဲနွားတွေရှိတယ်။ ရွာကထွက်ပြေးခဲ့ရတဲ့ညနေက အကုန်လွှတ်ပေးလိုက်တယ်။ အခု ကျွဲနွားတွေ လည်း မရှိတော့ဘူး” ဟု ပြောသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s