ကျော်ကြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကိုအသုံးပြုကာ ကိုယ်ရေးအချက်အလက် ခိုးယူနေ

လူမှုကွန်ယက်တွင် နာမည်ကျော်ကြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ပြန်လည်အသုံး ပြုကာ ကိုယ်ရေးအချက်အလက်များကို ခိုးယူမှုများရှိနေသည်။

“ᴸᶦᵛᵉKona storee-” အမည်ဖြင့်‌ ဖေ့စ်ဘုတ်စာမျက်နှာမှ နာမည်ကျော်ကြားသည့် ဖူးပွင့်ခိုင်အပါအဝင် လူမှုကွန်ယက်တွင်ကျော်ကြားသူများ၏ ယခင်ထုတ်လွင့်ခဲ့သည့် တိုက်ရိုက်ထုတ်လွင့်မှုများကို ပြန် လည်ထုတ်လွှင့်မှုများ ပြုလုပ်နေသည်။

ယင်းသို့ထုတ်လွှင့်ရာတွင် ဖုန်းဘေလ်လှူနေခြင်းဖြစ်ကြောင်း၊ ဖုန်းဘေလ်ကို ကံစမ်းမဲဖြင့် မဲဖောက်ပေး မည်ဟုဆိုကာ ကြည့်ရှုသူများကို ဆွဲဆောင်လျက်ရှိသည်။

ထိုပေ့ချ်သည် ၂၀၂၃ ခုနှစ်‌ ဖေဖော်ဝါရီလတွင် “ ᴸᶦᵛᵉKhinswintwah fans- ” အမည်ဖြင့် စတင်အသုံးပြု ထားခြင်းဖြစ်သည်။

၎င်းတို့က ၀က်ဘ်ဆိုက်တစ်ခုကို ရည်ညွန်းထားပြီး အဆိုပါ၀က်ဘ်ဆိုက်တွင် မှတ်ပုံတင်သူများထဲမှ ကံထူးရှင်ရွေးချယ်ကာ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း မက်လုံးပေးဖိတ်ခေါ်ထားသည်။

မဇ္စျိမ၏ အချက်အလက် စစ်ဆေးသူများက ၎င်းတို့ ရည်ညွှန်းထားသည့် https://tinyurl.com/3mseas3f ၀က်ဘ်ဆိုက်လင့်ကို ၀င်ရောက်ကြည့်ရှုသည့်အခါ သံသယဖြစ်စရာကောင်းသည့် စာမျက်နှာတစ်ခုသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။

ထိုစာမျက်နှာတွင် ကံထူးရှင်ကို ငွေသားဆု ကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ကြောင်းဖော်ပြထားပြီး ကံစမ်း ရန်အတွက် မှတ်ပုံတင်ပြုလုပ်ရန် ဝင်ရောက်ရမည်ဖြစ်သည်။

ထို မှတ်ပုံတင်ရန်လင့်မှဝင်ရောက်သည့်အခါ ကွန်ပျူတာတွင် ဗိုင်းရပ်ကာကွယ်ရေးအတွက် အသုံးပြု သည့် Kaspersky ဆော့ဝဲလ်က မိမိ၏ ပိုက်ဆံနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ဆုံးရှုံးနိုင်သည့် အန္တရာယ်ရှိ၍ ဝင်ရောက်ရန် မသင့်ကြောင်း သတိပေးသည်။

ယင်းပေ့ချ်မှထုတ်လွှင့်ထားသည့် တိုက်ရိုက်ထုတ်လွှင့်များတွင် ဖူးပွင့်ခိုင်အပါအဝင် သရုပ်ဆောင်ခင်ဝင့်ဝါ ၏ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ အခြားထင်ရှားသူများ၏ ထုတ်လွှင့်မှုများကိုလည်း တွေ့ရသည်။

အဆိုပါထုတ်လွှင့်မှုများနှင့်ပတ်သက်၍ ဖူးပွင့်ခိုင်က ၎င်း၏တရားဝင်စာမျက်နှာတွင် မတ်လ ၂၄ ရက် နေ့က တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြု လုပ်ထားသည်။ ၎င်းအမည်ဖြင့်စာမျက်နှာအတုများမှ လွန်ခဲ့သည့် ခြောက်လခန့်က ထုတ်လွှင့်မှုများကို ပြန်လည်အသုံးပြုကာ အတုများပြု လုပ်နေကြောင်း၊ ကံစမ်းမဲငွေ ၆၀၀,၀၀၀ ရရှိရန်အတွက် ငွေ ၂၀,၀၀၀ ကြိုတင်လွဲခိုင်းခြင်းများ မပြုလုပ်ကြောင်း ရှင်းပြထားသည်။

လင့် – t.ly/j5kc ,

ထိုသို့သောစာမျက်နှာများသည် အင်တာနက်သုံးစွဲမှုမြင့်မားလာသည့်နောက်ပိုင်းတွင် တစနှင့်တစ ပိုမိုများ ပြားလာကာ အင်တာနက်အသုံးပြုအချို့ကို ရည်ရွယ်ပြီး ဖွင့်လှစ်လာကြခြင်း ဖြစ်သည်။

မက်လုံးပေး ဆွဲဆောင်မှုများဖြင့် အင်တာနက်အသုံးပြုသူများကို ၎င်းတို့စာမျက်နှာအား ပြန်လည်မျှဝေ ခိုင်းခြင်း၊ ကြိုက်နှစ်သက်ကြောင်းပြု လုပ်ခိုင်းခြင်းများလုပ်ဆောင်ပြီး လူသိများလာစေရန် ပြုလုပ်နေခြင်း လည်း ဖြစ်သည်။

ထို့ပြင် ဝက်ဘ်ဆိုက်လင့်များအား ဝင်ရောက်ပါက မိမိ၏ ဖုန်း၊ ကွန်ပျူတာကို ပျက်စီးစေသည့် ဗိုင်းရပ်စ် များကူးစက်နိုင်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူနိုင်ရန် ဆောင်ရွက်ထားခြင်းများလည်း ရှိနိုင်သည်။

ထို့ကြောင့် ကျော်ကြားသူများ၏ တိုက်ရိုက်ထုတ်လွင့်မှုများကို ပြန်လည်အသုံးပြုပြီး ကံစမ်းမဲဖောက် ပေးမည်ဟု ဆွဲဆောင်နေသည့် ပေ့ချ်များရှိနေပြီး ၎င်းတို့ ဖော်ပြထားသည့် လင့်များသို့ မဝင်ရောက်ကြရန် သတိပေးလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s