စစ်တွေတွင် ဖုန်းနှင့် လျှပ်စစ်ပစ္စည်းများ အခ မဲ့အားသွင်းနိုင်ရန် စီစဉ်ပေး

မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့အပြီး ၁၂ ရက်အကြာ မေ ၂၅ ရက်မှာ စစ်တွေမြို့ လမ်းမကြီးတလျှောက် လမ်းမီးတွေ ပေးထားပြီး ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေ အခမဲ့အားသွင်းနိုင်ဖို့ နေရာ ၅ နေရာကို စစ်ကောင်စီက အရေးပေါ်ဆောင်ရွက်ပေးထားကြောင်း စစ်တွေလျှပ်စစ်ရုံး တာ ဝန်ရှိသူတွေထံက သိရပါတယ်။

“ကျနော်တို့ လျှပ်စစ်ဝန်ကြီးဌာနက ပြည်သူတွေ အဆင်ပြေစေဖို့ ဒီနေ့ မေ ၂၅ ရက်ကနေ လမ်းမကြီးတလျှောက် လမ်းမီးတွေပေးထားတယ်။ ပြည်သူတွေ အခမဲ့ ဖုန်းနဲ့ လျှပ်စစ်မီးလုံးတွေ အားသွင်းနိုင်ဖို့ နေရာ ၅ နေရာ ဖွင့်လှစ်ပေးထားတယ်။ မနက်ဖြန်မှာ နေရာ ၇ ခုအထိ ဖွင့်ပေးသွားမှာ။”

စစ်တွေမြို့ပေါ်မှာ တယ်လီဖုန်း၊ လျှပ်စစ်မီးလုံးတွေ၊ တခြား လျှပ်စစ်ဘက်ထရီနဲ့ လျှပ်စစ်ပစ္စည်းတွေ အခမဲ့ လာရောက်အားသွင်းနိုင်တဲ့ နေရာတွေကတော့ အစိုးရရုံးရှေ့ ၁ နေရာ၊ မြို့နယ်အခွန်ရုံးရှေ့ ၁ နေရာ၊ ယဥ်ကျေးမှုးပြတိုက်ရှေ့ ၁ နေရာ၊ မီးစက်ကြီးရှေ့ ၁ နေရာနဲ့ ဘီလူးမတံတားအနီး ၁ နေရာတို့ဖြစ်ကြောင်း လျှပ်စစ်တာဝန်ရှိသူတွေထံက သိရပါတယ်။

စစ်တွေဒေသခံတဦးက “ဒီလို ဖုန်းတွေ မီးလုံးတွေ အခမဲ့အားသွင်းဖို့ ဆောင်ရွက်ပေးထားတာကို ကျေးဇူးတင်ရမှာ။ ပြင်ပမှာ အားသွင်းတာ ဖုန်းတလုံး ၂,၀၀၀ ကျပ် ပေးနေတာ” လို့ ပြောပါတယ်။

စစ်တွေမြို့ လမ်းမကြီးတလျှောက် လမ်းမီးတွေကို ည ၇ နာရီမှ ၁၀ နာရီအထိ လျှပ်စစ်မီး ပေးထားပြီး တယ်လီဖုန်း၊ လျှပ်စစ်မီးလုံးတွေနဲ့ တ ခြားလျှပ်စစ်ပစ္စည်းတွေ အခမဲ့ လာရောက်အားသွင်းနိုင်တယ်လို့ ဗီနိုင်းတွေတပ်ဆင် အသိပေးထားပြီး မေ ၂၅ ရက်က စတင်ကာ ထွေအုပ်ရုံးမှာ ဂျင်နရေတာ အကြီးစားစက်ကြီးနဲ့ လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s