ပလမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၃ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ၃ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းပြင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ကြက်ခြံတစ်ခြံကို လက် နက်ကြီးကျည် ကျရောက် ပေါက်ကွဲကာ ကြက်စာကျွေးနေသည့် အသက် ၃၈ နှစ်အရွယ် ဒေါ်တေဇာဝင်းနှင့် ကြက်ခြံ အနီးရှိ နေအိမ်မှ ၃ နှစ် အ ရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဖြစ်ပြီးတာနဲ့ စစ်တပ်က ရွာထဲလာတယ်။ သေတာကြားလို့လာတာ။ ဒီလက်နက်ကြီးဟာ pdf ဘက်ကပစ်တာတဲ့။ သူတို့ လုပ်တာမဟုတ်ဘူးတဲ့။ ဆေးကုနေတဲ့ ဆေးရုံမှာလည်း လိုက်ပြောနေတယ်။ တကယ့်ဗြောင်လိမ်ဗြောင်စားတွေ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်သည် ပလမြို့ ရဲစခန်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး မင်းပြင်ရွာဘက်မှ စစ်တပ်က လက်နက်ကြီး ပစ်ခတ်လေ့မရှိကြောင်း၊ ယခုကဲ့သို့ ပစ်ခတ်ခြင်းသည့် မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသ ပြည်သူများက ဆက်လက်ပြောဆိုသည်။

ပုလောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ လမ်းမပေါ် ဂိတ်ချ စစ်ဆေးနေခြင်း၊ တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆုတ်ခွာရာလမ်းကြောင်းဟု ထင်ရသည့် နေရာများကို အကြမ်းဖက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s