ဖားကန့်တွင် KIO မြို့နယ်အဆင့်အရာရှိနှင့် မိ သားစုဝင်များကို စစ်ကောင်စီ ဖမ်းဆီး၊ နေ အိမ်ကို ချိတ်ပိတ်ပြီး ကျောက်စိမ်းတုံးများ သိမ်းယူသွားဟုဆို

ဖားကန့်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် မိသားစုဝင်များကို ကျောက်စိမ်းအရိုင်းတုံးအမြောက်အများနှင့်အတူ စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

မေလ ၂၅ ရက်နေ့ နံနက်က ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ် ကွက်(၃) ရှိ KlO လက်အောက်ခံပြည်သူ့လုံခြုံရေးအဖွဲ့မှ ဗိုလ်အဆင့်ရှိသူ လဘုန်(ခ) ဒေါ့ဖုန်း၏ အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခြင်းဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

” သူ့(လဘုန်)မိန်းမနဲ့ ကလေးတွေကိုလည်း ခေါ်သွားတယ်လို့ ပြောတယ်။ နောက်ပြီး အခုဝင်ဖမ်းတဲ့ အိမ်ကိုလည်း သူတို့ (စစ်တပ်) ချိတ်ပိတ်လိုက်ပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် လဘုန်၏ကိုယ်ရေးအရာရှိဒိုင်ခေါင်းဆိုသူလည်းပါဝင်သည်ဟု သိရသည်။ လဘုန်၏ အိမ်ကို စီးနင်းဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းသွားသူအရေအတွက်ကို မဇ္ဓျိမအနေဖြင့် အသေးစိတ်သတင်းအချက်အလက်မရရှိသေး‌ပေ။

လဘုန်နှင့်အတူ မိသားစုဝင်အချို့၊လဘုန်၏ကိုယ်ရေးအရာရှိတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ကချင်လွတ်လပ်ရေးတပ်မ တော် KIAစစ်ရေးချုပ်ရုံးမှ အမည်မဖော်လိုသည့် သတင်းရင်း မြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

ထို့အပြင် လဘုန်၏ နေအိမ်မှ ကျောက်စိမ်းအရိုင်းတုံးအမြောက်အများကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ လဘုန်အားကျောက်စိမ်းတုံးများနှင့်အတူဖမ်းမိကြောင်းကို စစ်ကောင်စီက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ မေလ ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖောက်ရေးလုပ်ငန်းများတွင် စစ်ကောင်စီရော ‌KIO/KIA ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပတ်သက်နေသည်ဟု ဒေသ ခံများက ပြစ်တင်ဝေဖန်နေသည်။

လဘုန်အား စစ်ကောင်စီက ဖမ်းဆီးသွားခြင်းနှင့် လဘုန်ထံမှ ကျောက်စိမ်းတုံးအမြောက်အများပါ သိမ်းမိထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်အပေါ် အသေးစိတ်မေးမြန်းရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မဇ္ဈိမက ယနေ့မေလ ၂၇ရက် နံနက်တွင် ဖုန်းဖြင့် ဆက်သွယ်ရာ ဖုန်းကိုင်ဆောင်သော်လည်း ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် အဖြေမရခဲ့ပေ။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် KIA၊PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများမကြာခဏ ပြုလုပ်နေကြကြောင်း ဒေသခံများကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s