မင်းတပ်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဝက်လက်နှင့် လောင်းလုံးတို့တွင် တိုက်ပွဲဖြစ် ပွားပြီး စစ်သား ၂ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ အမှတ် ၂၇၄ အထိုင်တပ်စခန်း၊ ရဲစခန်းနှင့် ကန်ပက်လက် လမ်းခွဲ ရှိ စစ်ဆေးရေးဂိတ်တို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၅ ရက် နံနက် ၇ နာရီခွဲခန့်က အဆိုပါနေရာများကို CDF – မင်းတပ်၊ CDF – မတူပီ၊ ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း တပ်ခွဲ ၃ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ မေလ ၂၆ ရက် နံနက် ၇ နာရီခန့်က ကျောက်ထုဒေသရှိ အမြောက်တပ် ၃၆၈ မှ မင်း တပ်သို့ အင်အားဖြည့်ရန် အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကြောင်းကို ကျောက်ထု- မင်းတပ်လမ်းပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး အထမ်း ၂ ခု ဖြင့် ဆက်လက်ထွက်ခွာသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို CDF မင်းတပ် ၊ CDF ကန်ပက်လက် ၊ ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း လှည့်ပတ်မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၆ ရက် နံနက် ၈ နာရီခန့်က ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်ပတ် မီးရို့ဖျက်စီးသော အကြမ်းဖက်စစ်ကောင် စီတပ် ခမရ( ၃၆၄ တပ်သားများသည် လှတောတိုက်နယ်အတွင်း ဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြားဒဏ်ရာရရှိပြီး လှတောရဲစခန်းအတွင်းသို့ ထမ်းခေါ် သွားကြောင်း သိရသည်။

ယင်းဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ရွှေဘိုဆေးရုံသို့ ပို့ဆောင်ရန်ရှိကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရွှေ ဘို-မန္တလေးကားလမ်းပေါ်တွင် စစ်ဆေးရေးပြုလုပ်နေစဉ် ကန်တာ အဖြူရောင် လေကွဲ အစိမ်းကားတစ်စီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မြင်တွေ့သွားပြီးနောက် နောက်ပြန်လှည့်၍ မောင်းပြေးသွားသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သား များနှင့် အ ပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ရသည်ဟုဆို သည်။

အဆိုပါတိုက်ခိုက်မှုကို သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးအဖွဲ့(တိုက်နယ် ပကဖ)၊ စိုင်နိုင် တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ. က.ဖ)၊ ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ ရွှေဘိုခရိုင်တပ်ရင်း ၂ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအနီးတွင် ပျူခေါင်းဆောင် ရဲကလေးနှင့် တပည့် ဖြစ်သူအောင်ခင်တို့ လိုက်ပါလာသည့် ကားကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ စီးစလုံးဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၆ ရက် နေ့လည် ၁၁ နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ အကြမ်း ဖက်စစ်တပ် ခန့် ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူး ရဲကလေးနှင့် တပည့်ဖြစ်သူတို့နှစ်ဦး လောင်းလုံးမြို့မှ စမ်းလှမ်း ကျေးရွာ ဘက်သို့ ကားဖြင့် မောင်းနှင်လာစဉ်လာစဉ် ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Dawei Defense Team – DDT) တပ်ခွဲ ၃ ရဲဘော်များမှ အသင့်စောင့်ကြိုကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ငယ်နဲ့ပစ်ပြီး ပါလာတဲ့ လက်နက်တွေကို သိမ်းဆည်းဖို့ ကြိုးစားခဲ့တာ၊ လောင်းလုံးမြို့ဘက် နေ စစ်ကားအကြီး ၃ စီးနဲ့ စစ်ကူဆင်းလာပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေလို့ ပြန်ဆုတ်လာခဲ့ရတာ၊ ရဲ ဘော်တွေအားလုံး အန္တရာယ်ကင်းခဲ့ပါတယ်” ဟု ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ပျူခေါင်းဆောင်နှင့်တပည့်ဖြစ်သူတို့ကို ဆေးရုံသို့ သယ်ယူသွားပြီး ဒေသနေပြည်သူအချို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း၊ ယင်းပစ်ခတ်မှု အား Dawei Defense Team – DDT တပ်ခွဲ ၃ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည် သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s