မတ္တရာမြို့နယ်၊ ဝန်စုရွာ၌ တပ်စွဲထားသော စစ် တပ်ကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာ၌ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်သားများကို ဒရုန်း ဖြင့် ၃ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ မတ္တရာမြို့နယ်၊ ဝန်စုကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၂ ဦးအပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မတ္တရာမြို့နယ်ထဲကို လှည့်မွှေနေတဲ့ စစ်ခွေးနဲ့ ပျူတွေပူးပေါင်းထားတဲ့အဖွဲ့ပါ၊ သူတို့ဝင်လာတော့ ရွာ ထဲမှာ ဘယ်ပြည်သူမှ မနေရဲဘူး၊ အ ကုန် ထွက်ပြေးနေရတာ၊ ပြန်ပစ်တာတွေရှိပေမယ့် ကျနော်တို့ရဲဘော် တွေ အားလုံး ဘေးအန္တရာယ်ကင်းခဲ့ ပါတယ်၊ ဒီနေ့တော့ တစ်ဝက်လောက်က ပြန်ထွက်သွားပြီ၊ တဝက် လောက်ကျန်သေးတယ်၊” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ Phoenix SGG နှင့် စိန်ပန်းနီနီ ဒရုန်းအဖွဲ့တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s