မိုးဗြဲတွင် တိုက်ပွဲပြင်းနေပြီး စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲနေ

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းတွင် တိုက်ပွဲ ပြင်း ထန်နေပြီး အကြမ်းဖက်စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက် နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မေလ ၂၇ ရက် နံနက် ၄ နာရီခန့်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ကရင်နီဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုများ ပြား နေသဖြင့် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“လက်ရှိ တိုက်ပွဲလည်း ဖြစ်နေတုန်းပဲဆိုတော့ ထိခိုက်ပျက်စီးမှုကတော့ အတိ အကျမသိရသေးဘူး၊ တိုက်ပွဲ က မနက် ၄ နာရီလောက် က တည်းက ဖြစ်နေ တာ၊ လေယာဉ်နဲ့ ဗုံးလာကျဲနေတာက ၉ ခါလောက်ရှိသွား ပြီ၊ တိုက်ပွဲ ကလည်းဖြစ်နေဆဲဆိုတော့ အများကြီးပြောပြလို့ မရသေးဘူး၊ တိုက်ပွဲဖြစ်နေ တာက ညောင်ဝိုင်း မှာ ဖြစ်တာ၊ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ အဓိကကျဲနေ တာပါ၊ တိုက်ပွဲကတော့ အတော်ပြင်း ထန်နေ တယ်” ဟု ကရင်နီ ဒေသကာ ကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ အတည် ပြုပြောကြားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s