မိုးဗြဲမြို့တွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်ကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“မိုးဗြဲကို ဒီမနက် ဗုံးကျဲနေတာပါ ညောင်ဝိုင်းလောက်ကျတယ် ထိခိုက်မူရှိတယ်။ အတိအကျ ကြားတာတော့ ၂ ဦးသေဆုံးတယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ပါ လျောက်ပစ်နေတာ သေဆုံးသူ ၂ ဦးရဲ့ ရွာကမသိဘူး။ လမ်းပေါ်မှာ ၁ ဦးသေတယ်။ ကျန်တဲ့ ၁ ဦးကတော့ ပေါ်ဦးကလို့ ပြောတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s