မြန်မာ မီဒီယာများ အကူအညီလိုအပ်နေကြောင်း IPI World Congress 2023 တွင် ဆွေးနွေး၊ Myanmar Now က Free Media Pioneer award ချီးမြှင့်ခံရ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးအချိန်ကစ၍ မြန်မာနိုင်ငံအတွင်း လွတ်လပ်သော သတင်းမီဒီယာ များ စနစ်တကျ ဖိနှိပ်ခံနေရကြောင်းနှင့် နိုင်ငံတကာ သွေးစည်းညီညွတ်မှုနှင့် အကူအညီ မရရှိပါက ရေရှည်ရပ်တည်နိုင်ရေး ခြိမ်းခြောက်ခံနိုင်ရဖွယ်ရှိကြောင်း Mizzima Media Group ၏ အကြံပေး ဦးခင်မောင်၀င်းက သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် International Press Institute (IPI) World Congress 2023 အမည်ဖြင့် ကျင်းပသည့် ညီလာခံတွင် တင်ပြဆွေးနွေးခဲ့သည်။

မေလ ၂၅-၂၆ ရက် နှစ်ရက်ကြာ ညီလာခံကို ကမ္ဘာတစ်ဝန်းမှ သတင်းထောက်များ၊ ပညာရှင်များ၊ မီဒီယာ လွတ်လပ်ခွင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၅၀ ကျော် တက်ရောက်သည့် အဆိုပါ ၂၀၂၃ နှစ် ပတ်လည် ညီလာခံကို Press Freedom and Media Innovation in the Age of AI (နည်းပညာ ဉာဏ် ရည်အတုခေတ်အတွင်းက မီဒီယာလွတ်လပ်ခွင့်နှင့် ဆန်းသစ်ဖန်တီးမှုများ) ခေါင်းစဥ်ဖြင့် ကျင်းပခဲ့ သည်။ မြန်မာသတင်းမီဒီယာများ ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ အကြောင်းကို ဦးခင် မောင်၀င်းက ဗွီဒီယို မှတ်တမ်းဖြင့် တင်ပြခဲ့သည်။

(ထိုဗွီဒီယို မှတ်တမ်းကို ဤ link တွင် ကြည့်ရှုနိုင်ပါသည်- https://youtu.be/mvaYUXrF7AI )

IPI World Congress ကျင်းပချိန်တွင် ကမ္ဘာတစ်ဝန်းက ထူးကဲစွမ်းဆောင်နိုင်ခဲ့သော သတင်းထောက် များကိုလည်း ဆုချီးမြှင့်လေ့ရှိသည်။ ၂၀၂၃ ခုနှစ်အတွက် သတင်းမီဒီယာ နှစ်ခု ဆုချီးမြှင့်ခံရသည်။ မြန်မာနိုင်ငံမှ Myanmar Now က Free Media Pioneer award ဆုချီးမြှင့်ခံရပြီး အယ်ဒီတာချုပ် ဦးဆွေ၀င်းက ဆုလက်ခံယူခဲ့သည်။ Free Media Pioneer award အတွက် ကမ္ဘာတစ်ဝန်းမှ သတင်း မီဒီယာ ၁၀ ဖွဲ့ ဆန်ခါတင်စာရင်း တင်သွင်းခံရသည့်အထဲမှ Myanmar Now ကို ရွေးချယ်ခဲ့ကြောင်း IPI-IMS ဆုရွေးချယ်ရေး ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အခြားဆုချီးမြှင့်ခံရသူတစ်ဦးမှာ မက္ကဆီကိုနိုင်ငံမှ အမျိုးသမီး သတင်းထောက် Carmen Aristegui ဖြစ်ပြီး World Press Freedom Hero Award အတွက် ချီးမြှင့်ခဲ့သည်။ International Media Support (IMS) က IPI နှင့်အတူ ဆုများ ပူးတွဲချီးမြှင့်သည်။

အလားတူ Free Media Pioneer Award ကို International Press Institute (IPI) က Mizzima သတင်းဌာန အား ၂၀၀၇ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

Free Media Pioneer award ချီးမြှင့်ခံရခြင်းသည် Myanmar Now နှင့် အခြားသော လွတ်လပ်သည့် မြန်မာ့ မီဒီယာများ၏ စွမ်းဆောင်မှုကို ကမ္ဘာက အသိအမှတ်ပြုသည်ဟု ခံစားရကြောင်း၊ ကမ္ဘာ တစ်ဝန်း မီဒီယာများ ဘုံတူညီသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း၊ ဆုချီးမြှင့်ခြင်းအတွက် မြန်မာကို ကမ္ဘာက မေ့မထားဟု သိသာစေကြာင်း၊ AI နည်းပညာများကို ကောင်းကျိုးအတွက် အသုံးချနိုင်ကြောင်းများကို ဆုလက်ခံမိန့်ခွန်းတွင် ဦးဆွေ၀င်းက ထည့်သွင်းပြောကြားခဲ့သည်။

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် IPI ကို ၁၉၅၀ ခုနှစ်က စတင်တည် ထောင်ခဲ့သည်။ ကမ္ဘာတစ်၀န်း သတင်းမီဒီယာလွတ်လပ်ခွင့်တိုးတက်လာရေးနှင့် ပတ်သက်၍ အဖွဲ့၀င်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်း မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သောကိစ္စရပ်များ၊ ပိုမိုအားကောင်းစေနိုင်သော ကိစ္စရပ်များကို IPI World Congress အတွင်း စုပေါင်း အဖြေရှာ ဆွေးနွေးလေ့ရှိသည်။ နည်းပညာ ဉာဏ်ရည်အတု (Artificial Intelligence) သည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သလား၊ ထို့အတူ အထောက် အကူပြုနိုင်သလား ဆိုသည့် အဆိုး၊ အကောင်း ၊အကျိုး၊ အကြောင်းများကို ညီလာခံ အတွင်း ရှုထောင့်မျိုးစုံမှ ဆွေး နွေးခဲ့ကြသည်။ AI ကြောင့်ဖြစ်ရသော ဆိုးကျိုးများကို ထိန်းချုပ်နိုင်ရန် အတွက် ဥပဒေပြဋ္ဌာန်းသင့်သလားဆိုသည့် ဆွေးနွေးချက်ရှိခဲ့သလို၊ ဖြစ်စေနိုင်သည့် ဆိုးကျိုး အတိမ်အနက်ကို မသိနိုင်သေး၍ ဥပဒေပြဋ္ဌာန်းလျှင်လည်း လွှမ်းခြုံနိုင်မည် မဟုတ်ကြောင်း အပြန်အလှန် ဆွေးနွေးကြသည်။ သို့သော် အများစုမှာ ခေတ်သစ် နည်းပညာ AI က ပေးနိုင်သော ကောင်းကျိုးကို အများဆုံး ရယူအသုံးချနိုင်အောင် ပြင်ဆင်ထားသင့်ကြောင်း အကြံပြုခဲ့ကြသည်။

IPI General Assembly ကိုလည်း မေလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်း သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်သည့် ကြေ ညာချက် လေးခုထုတ်ပြန်ခဲ့သည်။ IPI အနေဖြင့် မြန်မာနိုင်ငံမှ သတင်းမီဒီယာ အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ မြန်မာ နိုင်ငံ မီဒီယာ လွတ် လပ်ခွင့်အတွက် လုပ်ဆောင်နေသော Myanmar Now ကို ဆုချီးမြှင့်ခြင်းမတိုင်မီ IPI မှ နောက်ဆုံး ပြုလုပ်ခဲ့သည့် ဆောင် ရွက်မှုမှာ မေလ ၆ ရက်နေ့ မြန်မာ့ သတင်းမီဒီယာ လွတ်လပ်မှုအေခြေအနေ online ဆွေးနွေးပွဲဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် Mizzima အယ်ဒီတာချုပ် ဦးစိုးမြင့်က မြန်မာ့သတင်းမီဒီယာ အခြေအနေကို ဆွေးနွေးခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s