အမှတ် ၁ စစ်ဒေသတွင် မတ်လအတွင်း ဖြစ် ပွားသောတိုက်ပွဲများ၌ စစ်သား ၆၁၂ ဦး သေ ဆုံး

အမျိုးသားညီညွတ်ရေးအစိုးရ၏ အမှတ် ၁ စစ်ဒေသအတွင်း မတ်လ၌ ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်သား ၆၁၂ ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမှတ် ၁ စစ်ဒေသ လက်အောက်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်ပြီး မတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၆၁၂ ဦး သေဆုံးပြီး ၇၀၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆၀ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၉၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အ ကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၂၇ လက် နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့ များ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s