ရေစကြိုတွင် ဖမ်းဆီးခံရသည့် MBT တပ်ဖွဲ့ဝင် ရဲဘော်တိုးနိုင်ကို စစ်တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်းကို ချင်းတွင်းမြစ်ထဲမျော၍ ဖျောက် ဖျက်ခဲ့သော်လည်း ပြန်လည် ဆယ်ယူနိုင်ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာဖြင့် စစ်တပ်က ဖမ်းဆီးခဲ့သော ရဲဘော်တိုးနိုင်ကို နှိပ်စက် သတ်ဖြတ်ပြီး ရုပ်လောင်းကို ချင်းတွင်းမြစ်ထဲ မျော၍ ဖျောက်ဖျက် ခဲ့သော်လည်း ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း Myingyan BLack Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် Myingyan BLack Tiger – MBT အမှတ် ၂ စခန်းမှ ရဲဘော် တိုးနိုင်နှင့် အခြားရဲဘော်တစ်ဦးတို့သည် အကြမ်းဖက် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်ခံ ရကာ အခြားရဲဘော်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ရဲဘော်တိုးနိုင်မှာ ဒဏ်ရာဖြင့် ဖမ်း ဆီးခံ လိုက် ရကြောင်း၊ ဖမ်းဆီးခံရပြီးနောက် လက်တုန့်ပြန်တိုက်ခိုက်နိင်ရန် Myingyan BLack Tiger – MBT တပ်ဖွဲ့က ရေစကြို မြို့အတွင်း အင်အား အ ပြည့် ချီတက်တိုက်ခိုက်ခဲ့ရာ ရဲဘော်တိုးနိုင်အား ရေစကြို မြို့ဆေးရုံသို့ တင်ပို့ ကုသကာ ကောင်းမွန်စွာဆေး ကုသပေးသည်ဟု စစ်တပ် လော်ဘီချန်နယ် များ က သတင်း လွှင့်ခဲ့ကြောင်း သိရသည်။

“မျက်နှာကနေ ပစ်ချလိုက်တာ၊ နောက်စိပွင့်ထွက်သွားတယ်၊ မနေ့က နေ့လည် ၂ နာရီလောက်က သတ် ပစ်လိုက်တာ ထင်တယ်၊ ပုပ်ပွတာတွေ တော့မရှိ သေးဘူး၊ ပြည်သူကနေချင်းတွင်းမြစ်ထဲမှာ အလောင်း တွေ့လို့ လှမ်းသတင်းပို့ တာနဲ့ လုံခြုံရေးအပြည့်နဲ့သွားဆယ်ခဲ့တာ၊ အဲဒီကျမှ ကျနော်တို့ရဲဘော်တိုးနိုင် ဖြစ် နေတာ၊ အတော်လေးကို နှိပ်စက်ခံထားရတယ်” ဟု Myingyan BLack Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ ယခုကဲ့သို့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုကို သွေးကြွေးဆပ်ရန် အကောင်းဆုံးပြင်ထားကြောင်း၊ တစ်နိုင်ငံလုံးကို ဒုက္ခပေး နေသော အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ် နိုင်ရန် ဆက်လက် တိုက်ပွဲ ဝင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s