ရေးမြို့နယ်၊ ခမရ ၅၈၃ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများ၊ ဒရုန်း ဗုံးသီး များဖြင့် ပစ် ခတ် တိုက်ခိုက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်ဖြစ်သော အမှတ် ၅၈၃ ခြေမြန်တပ်ရင်း ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံး သီးများ ဖြင့် တော်လှန်ရေး ညီနောင် မဟာမိတ်တပ်ဖွဲ့များက ပစ်ခတ်တိုက် ခိုက်ခဲ့ ကြောင်း Ye Special Tasks Forces – YSTF မှ တာဝန်ရှိသူ စောသာစေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာနှင့် ကံလှ(အကန်း) ကျေးရွာအနီးရှိ အမှတ် ၅၈၃ ခြေမြန် တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေး ဒရုန်းများဖြင့် လည်းကောင်း တော်လှန်ရေး ညီနောင် မဟာ မိတ် တပ်ဖွဲ့များက ဗျူဟာကျကျဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက် ခဲ့ကြသော ညီနောင် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များတွင် YGF၊ YDF၊ YSTF တပ်ဖွဲ့ တို့ပါဝင်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ခမရ ၅၈၃ တပ်နှင့်ခမရ ၅၉၁ တပ်ရင်းတို့ကလည်း ၆၀ မမ၊ ၈၁ မမ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး PDF တပ်များ၏ ဒရုန်းများကို လက် နက် ငယ်များဖြင့် အတွဲလိုက် ပစ် ခတ်ခဲ့ကြောင်း ၊ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ပွန်းပဲ့ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာ နိုင်ခဲ့ ကြောင်း သိရှိရသည်။
ညီနောင် တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ခမရ ၅၈၃ တပ်ရင်းအတွင်းမှ အဆောက်အုံများ ပြိုကျပျက်စီးမီးလောင်ခြင်းနှင့် စစ် ကောင်စီ တပ်ဘက်မှ သေဆုံးမှုများရှိနိုင်သော်လည်း စစ်တပ်က သတင်း မှောင်ချထားသဖြင့် သတင်း ရရှိမှု နှောင့်နှေးနေကြောင်း သိရှိရသည်။ khit thit