Author Archives: Nandar Aye

ဖျက်မရတော့တဲ့ သေရာပါအမည်းစက်။

“ပြည်သူ့တပ်မတော်ဆိုသူတွေက ပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်” တဲ့ လူကြားလိုမှ မကောင်းတာတွေဖြစ်နေတယ်။

တပ်မတော်မှာ နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဘာပစ်ချက်မှ မရှိ၊ စစ်မှုထမ်းကောင်းတံဆိပ်ချီးမြှင့်ခြင်းခံရတဲ့ တပ်မတော်သားအများစုမှာ ငါလဲ ပါတယ်။

ဒီနိုင်ငံကသင်ပေးတဲ့ ပညာနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တာမဟုတ်ဘဲ မိဘများရဲ့ အထောက်အပံ့နဲ့ နိုင်ငံခြားမှာ ပညာသင်ယူခဲ့ပြီးမှ မြန်မာပြည်ကို ပြန်လာပြီး လစာ $၂၀၀ ကျော်လောက်သာရတဲ့ စစ်မှုထမ်းဘဝကိုလုပ်ဘို ဆုံးဖြတ်ခဲ့တဲ့ ငါ့ကို
ငါနဲ့ရင်းနှီးတဲ့ဆရာများ၊ မိတ်ဆွေများက မင်းရူးနေလို ဒီနိုင်ငံကိုပြန်လာတာလို ပြောကြတယ်။

ယူနီဖေါင်းဝတ်ပြီးစစ်သားလုပ်ရတာကို သဘောလဲကျတယ်၊ ဂုဏ်လဲယူတယ်၊ ကိုယ်တတ်ထားသလောက်ကိုလဲ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဆိုပြီး အလုပ်လုပ်နေရတာကိုလဲ ပျော်ခဲ့တယ်။
မနက်တန်းစီ သစ္စာဆိုတိုင်း ငါ့နိုင်ငံတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဌါန်ပြုပါ၏” ဆိုတဲ့ ငါ့ရင်ထဲက ထွက်လာတဲ့ ငါ့အသံငါပြန်ကြားယောင်မိတိုင်း ကြက်သီမွေးညင်းထလောက်အောင်ကို စိတ်ဓါတ်တွေ ပြင်းထန်နေတုန်းဘဲ။

ဒါပေမဲ့ …
ငါအင်မတန်ဂုဏ်ယူခဲ့ရတဲ့ တပ်မတော်ကြီးက ဒီနေ့ ပြည်သူချစ်တဲ့တပ်မတော်ကြီးမဟုတ်တော့ဘဲ၊ ပြည်တွင်းမှာသာမက၊ ကမ္ဘာ့အလယ်မှာပါ ရစရာမရှိအောင် ပျက်သုန်းသွားတဲ့ ယုတ်မာတဲ့ လူသတ်တပ်မတော်ကြီးဖြစ်သွားမယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။
ငါတိုဂွင်ပျောက်သွားမှာစိုးလိုဆိုပြီး ခိုင်းသမျှလုပ်နေကြတဲ့ တပ်မတော်သားတွေကလဲ “ငါတိုသည် အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်” ဆိုတဲ့ တစ်ချက်ကြောင့်၊ “ငါတိုသည် နိုင်ငံတော်နှင့် နိုင်ငံသားတို၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုတဲ့ အချက်ကို စောက်ဂရုမစိုက်ကြတော့ဘူးလား?
တပ်မတော်ကြီးကို အမှန်တကယ်ချစ်မြတ်နိုးတဲ့ တပ်မတော်သား စစ်စစ်တစ်ယောက်မှန်ရင် ညအိပ်ယာဝင်တိုင်း မင်းတို မိသားစုနဲ့ တီတီတာတာပြောတဲ့ အချိန်ရောက်တိုင်း မင်းတို သတ်ဖြတ်ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် –
မင်းတို ရှေ့ဆက်ပြီး ဘယ်လိုရပ်တည်ရမလဲဆိုတာ သေသေချာချာ ပြန်စဉ်းစားသင့်ပြီ။

ငါချစ်တဲ့ တပ်မတော်ကြီးကို ဒီ့ထက်ပိုပြီးအမည်းစက်စွန်းထင်းမသွားရအောင် ငါလုပ်နိုင်သမျှလုပ်မယ်၊ ငါ့နိုင်ငံတော် ငါ့နိုင်ငံသားတွေဘက်က ငါရပ်တည်မယ်ဆိုတဲ့ မှန်ကန်တဲ့ ခံယူချက်တွေ ပြန်ပြီး မွေးဖွားလာသင့်ပြီ။

မင်းတိုစိတ်ထဲမှာ ကိုယ်ကိုယ်ကို လူလို သတ်မှတ်သေးတယ်ဆိုရင်၊ စစ်ခွေးလို အခေါ်ခံရတာတွေ မကြိုက်ဖူးဆိုရင် …
မတရားအနိုင်ကျင့်၊ ယုတ်မာ၊ သတ်ဖြတ်နေကြတာတွေကို ရပ်သင့်ပြီလို ပြောချင်တယ်။

အငြိမ်းစားတပ်မတော်သားတစ်ဦး။

ဖွံ့ဖြိုးရေးအကူအညီပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ တောင်းဆိုမှု ဂျပန်အစိုးရ ငြင်းဆန်

မြန်မာပြည်ရဲ့ အခြေခံအဆောက်အဉီ ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီအထောက်အပံ့ပေးဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ တောင်းဆိုမှုကို ဂျပန်အစိုးရက ငြင်းဆန်ခဲ့တယ်လို့ မတ်လ ၃၀ ရက်က ပြုလုပ်ခဲ့တဲ့ ဂျပန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ကာကွယ်ရေးကော်မတီအစည်းအဝေးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

DVB TV News

နေပြည်တော် NLD အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

မတ်လ ၁၅ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးသွားတဲ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညိုကို အာဏာသိမ်း စစ်ကောင်စီက စစ်ကြောရေးစခန်းမှာ ဖမ်ဆီးနှိပ်စက်ခဲ့တဲ့အတွက် မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားကြောင်း မိသားစုနဲ့ နီးစပ်သူတွေက အွန်လိုင်းဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားဖော်ပြကြပါတယ်။

Mal Chaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ “နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဂုဏ်မင်းအင်းရွာမှာ နေထိုင်တဲ့ ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညို ဟာ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံရပြီး၊ မတ်လ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီက သူတို့ သင်္ဂြိုလ်မယ်ဆိုပြီး မိသားစုကို အလောင်းလာကြည့်ခိုင်းတယ်၊ ဒီကနေ့ မတ်လ ၃၁ ရက် မနက်မှာ မိသားစုက ရုပ်အလောင်းကို သွားရောက်ကြည့်ရှုပြီးနောက် နေအိမ်မှာ သက်ပျောက်ဆွမ်း ကပ်ခဲတယ်” လို့ ဖော်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ကိုဖြိုးဇေယျာသော် ကလည်း “မတ်လ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံခဲ့ရတဲ့၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဟာ နေပြည်တော် စစ်ကြောရေးစခန်းမှာ အကြမ်းဖက်အုပ်စုရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြောင်း” သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးကျော်ကျော်ဟာ စစ်ကောင်စီက အသက်ရှင်လျက် ဖမ်းဆီးသွားပြီး၊ ရုပ်အလောင်းသာ ပြန်ပေးခဲ့တဲ့ တတိယမြောက် သတ်ဖြတ်ခံရသူ NLD အဖွဲ့ဝင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်နဲ့ ရွေပြည်သာက NLD အဖွဲ့ဝင် “စုအသက်မွေးဝမ်းကျောင်းသိပ္ပံ” တာဝန်ခံ ဦးဇော်မြတ်လင်း တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး နောက်တစ်ရက်မှာ မိသားစုထံ ရုပ်အလောင်းကိုသာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

RFA Burmese 

ရေဦးမြို့က ညသပိတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ မတ် ၃၁ ရက်နေ့၊ ဒီည ပြုလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် မြင်ကွင်း ဖြစ်ပါတယ်။

RFA Burmese

အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ နှိမ်နင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ပြည်သူ အယောက် (၅၅၀) အသက်ဆုံးရှုံးခဲ့ရ

မြန်မာနိုင်ငံသည် အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်မှာ (၅၈) ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။အာဏာစတင်သိမ်းယူသော ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မတ်လ (၂၉) ရက်နေ့ ည ၉ နာရီ အထိ စုစည်းရရှိသော အချက်အလက်များအရ အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ နှိမ်နင်းတိုက်ခိုက်မှုကြောင့်ပြည်သူအယောက် (၅၅၀) အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအနက် အသက်အငယ်ဆုံးမှာ (၇) နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ (၇၈) နှစ်ဖြစ်သည်။ အသက်ဆုံးရှုံးမှုအများဆုံးဖြစ်သော အသက်အပိုင်းအခြားမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်သည်။ အသက်ဆုံးရှုံးမှုအများဆုံးတိုင်းဒေသကြီး/ပြည်နယ်မှာ ရန်ကုန်ဖြစ်သည်။

အတည်ပြု၍ရသော အသက် ၆ နှစ် မှ ၁၅ နှစ်အရွယ်ကလေးငယ် စုစုပေါင်း (၁၅) ယောက် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ယခုကဲ့သို့ လက်နက်အားကိုးဖြင့် ပြည်သူလူထုကို အသက်အန္တရာယ်ဖြစ်စေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် ရွံရှာစက်ဆုပ်ဖွယ်အတိဖြစ်သည်။

ယခုအချက်အလက်များကို DVB TV News နှင့် Assistance Association for Political Prisoners (Burma) တို့မှစုစည်းတင်ပြထားခြင်းဖြစ်သည်။

PEOPLE’S POWER || Gen – X,Y,Z Represent

အခက်အခဲတွေတိုက်ပွဲ‌တွေကြားမှကျွန်တော်တို့တွေအားလုံးစုပေါင်းပြီးဂီတဖြင့်‌တော်လှန်ဖို့ဖန်တီးထားကြတဲ့ 🇲🇲PEOPLE’S POWER🇲🇲 သီချင်း ကို နွေဦးတော်လှန်ရေးမှာရှေ့တန်းက‌တိုက်ပွဲဝင်နေကြတဲ့သူရဲ‌ကောင်းတွေ နဲ့ ပြည်သူတွေအတွက် အင်အားဖြစ်စေဖို့ ရည်ရွယ်၍တင်ဆက်ပေးလိုက်ပါတယ်။

Mixing ရော Edit ရောအခက်အခဲကြားမှအမြန်လုပ်လိုက်ရလို့ လိုအပ်ချက်များရှိခဲ့ပါကနားလည်ပေးစေချင်ပါတယ်ခင်ဗျာ။

ကိုယ့်မှာ footage အမိုက်စားတွေရှိနေရင်လည်း ကြိုက်သလို ပြန်လည် Edit လုပ်ပိုင်ခွင့်ပြုပါတယ်။ ကျွန်တော်တို့ PEOPLE’S POWER သီချင်းကိုလည်း ကြိုက်တဲ့နေရာမှာကြိုက်သလို free to all အသုံးပြုနိုင်ပါတယ်ခင်ဗျာ …

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း အားလုံးဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။

အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးအမှန်တရားကိုယုံကြည်ကိုးကွယ်သူများအားလုံးလွတ်လပ်စွာ Share နိုင်ပါသည်။

🇲🇲 အရေးတော်ပုံအောင်ရမည် 🇲🇲

ပြည်သူသို့ အစီရင်ခံတင်ပြခြင်း

ဦးတင်ထွန်းနိုင်
ခေတ္တပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန။

Committee Representing Pyidaungsu Hluttaw – CRPH

ယနေ့ ကိုမင်းကိုနိုင်ရဲ့စကား။

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရအပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကိုကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ကျန်တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။​

ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့်အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့”​အောင်စိတ်”နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက် ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင် ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်၂၀.၃.၂၀၂၁

ကရင်ပြည်နယ်တွင်း ရိက္ခာပို့လမ်းကြောင်း ဖြတ်တောက်ခံထားရသည့် အာဏာသိမ်းစစ်တပ်ကို ထိုင်းဘက်က ရိက္ခာထောက်ပံ့ရန် ကြိုးစားနေ

ကရင်ပြည်နယ်အတွင်းမှ မြန်မာစစ်တပ်အတွက် ရိက္ခာသယ်ပို့ရေးလမ်းကြောင်းကို KNLA က ဖြတ်တောက်ထားနိုင်ခဲ့ပြီးနောက် မြန်မာစစ်တပ်သည် ထိုင်းဘက်မှ ရိက္ခာအကူအညီရယူနေရကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်း ထိုင်းနယ်စပ်တွင် ပိတ်မိနေသည့် မြန်မာစစ်တပ်အတွက် ထိုင်းဘက်မှလုံခြုံရေးအဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ဆန်အိတ်ပေါင်း (၇၀၀) ပေးပို့ရန် ကြိုးစားနေသည်ကို တွေ့ထားရခြင်းဖြစ်သည်။

ယခင်က ကရင်ပြည်နယ်တွင်းရှိ မြန်မာစစ်တပ်အတွက် ရိက္ခာလမ်းကြောင်းများကို KNU က ခွင့်ပြုပေးထားသော်လည်း နိုင်ငံ့အာဏာသိမ်းလိုက်ပြီး လက်နက်မဲ့လူထုကို အကြမ်းဖက်ပစ်သတ်ခြင်းများ လုပ်ဆောင်လာသည့်အတွက် KNU က လူထုဘက်က ရပ်တည်ကြောင်း ကြေညာလိုက်သည့်အပြင် ပြည်နယ်တွင်း စစ်တပ်ရိက္ခာပို့လမ်းကြောင်းကိုပါ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုများအား ရပ်တန့်ရန် နိုင်ငံတကာက ဖိအားပေးနေသည့်အပြင် ပြည်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း လူထုဘက်မှ ရပ်တည်ပေးနေကြချိန်တွင် မြန်မာစစ်တပ်အား ရိက္ခာထောက်ပံ့ရန် ညွှန်ကြားချက်ကို ထိုင်းဗဟိုအစိုးရထံမှ ရလာခြင်းဖြစ်သည်ဟု သတင်းတွင်ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

Source: the reporter , Mutraw Affairs, CJ

Tachileik News Agency

စစ်ကောင်စီက ဖွဲ့စည်းထားသည့် နမ္မတီးအုပ်ချုပ်ရေးမှူးအဖွဲ့ကို ကန့်ကွက်

နမ္မတီးမြို့အတွင်း လူငယ်များက အာဏာသိမ်းစစ်ကောင်းစီက ဖွဲ့စည်းထားသော အုပ်ချုပ်ရေးမှူးအဖွဲ့ကို အလိုမရှိကြောင်း ကန့်ကွက်သည့် ဓါတ်ပုံပါစာရွက်များကို မတ်လ ၁၉ရက်ည လိုက်ကပ်သည့် လူပ်ရှားမူပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ ပုံပါစာရွက်များကို မနက်စျေးနှင့် အုပ်ချုပ်ရေးရုံးတွင် လိုက်ကပ်ထားကြောင်း လူငယ်တစ်ဦးထံမှသိရသည်။

Kachin News Group

« Older Entries