Author Archives: ချစ်သဲညှာ

လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA ကြား တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှာ  ဇန်နဝါရီလ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လာရှိုးအခြေစိုက် ခမရ(၅၀၄) ကနေ  TNLA တပ်ရင်း(၅၉၅)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး နမ်မောရွာနဲ့ မန်ကောင်ရွာကို စစ်ကြောင်းထိုးလာတာကြောင့် မနေ့ နေ့လယ်လောက်က  နှစ်ဖက်အပြန်လှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ညနေ ၃ နာရီ ၅၀ မိနစ်လောက်ကနေ    ညနေ ၆ နာရီလောက်အထိ အချိန်  ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

TNLAရဲ့ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “တိုက်ပွဲကတော့ မကြာခဏရှိနေပါတယ်။ အပြင်းအထန်ဖြစ်တာကတော့ ဒီဇင်ဘာတုန်းက နမ့်စန်မြို့နယ် ကုန်းသာရွာတိုက်ပွဲပါပဲ။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ခုခံစစ်သဘောနဲ့ပဲ ဆင်နွှဲနေတာပါ။ သူတို့ဘက်က အဲဒီလို တဖက်သက် ပစ်ခတ်ထိုးစစ်ဆင်နေတာတွေက ဘာရည်ရွယ်ချက်လဲ ဆိုတာတော့ သေချာမသိရသေးဘူး”လို့ ပြောပါတယ်။

တိုက်ပွဲငြိမ်သက်သွားပေမယ့် အခုထိ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီဘက်ကတော့ သတင်းအချက်အလက် ထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဟာဆိုရင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ လူမျိုးစု လက် နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင့်တပ်တော် AA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အဖြစ်  မဟာမိတ်ဖွဲ့စည်း ရပ်တည်ထားပါသေးတယ်။DVB

စစ်ကောင်စီ လျှို့ဝှက်အစည်းအဝေးတွင် ပြည် ထဲရေး ဒုဝန်ကြီး ညွှန်ကြားခဲ့ သည့်အတိုင်း မိုဘိုင်းလ်ဖုန်း SMS များမှတစ်ဆင့် NUG ၊ PDF များကို ထောက် ခံ ခြင်းမပြုရန်၊ ပါဝင်ပတ် သက်ခြင်းမပြုရန် ပြည်သူများကို ခြိမ်းခြောက်

စစ်ကောင်စီ လျှို့ဝှက်အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် စိုး တင့် နိုင် ညွှန်ကြားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း SMS များမှတစ် ဆင့် NUG ၊ PDF များကို ထောက်ခံခြင်းမပြုရန် ခြိမ်းခြောက်စာများကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက ပြည်သူများ အားလုံး၏ မိုဘိုင်းလ်ဖုန်းများသို့ ပို့လာကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ် အထိ နေပြည်တော်တွင် ကျင်းပခဲ့သော ၈ နာရီနီးပါး ကြာ မြင့်သော စစ်ကောင်စီ ၏ လျှို့ဝှက် အစည်းအဝေး ပြည်ထဲရေး ဒုဝန်ကြီးက SMS များမှ တစ်ဆင့် ပြည်သူများကို NUG ၊ PDF မပတ်သက်ရေး စာတိုများပေးပို့ရန် အကြံ ပြု ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က နိုင်ငံပိုင် မီဒီယာများကို လူတိုင်း မကြည့်ကြကြောင်း၊ ဖုန်းများကို လူတိုင်းကြည့်ကြကြောင်း၊ အ ကြမ်းဖက်မှု ပါဝင်ခြင်း၊ အားပေးခြင်းများကို ထိထိရောက်ရောက် အရေးယူမည်ဆိုသော သတင်း စကားများကို မိုဘိုင်းလ်ဖုန်း ၄၆ သန်းမှတစ်ဆင့် SMS များ ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချိန်သတ်မှတ်၍ SMS ကို နှစ်ကြိမ်၊ သုံးကြိမ် ပေးပို့ခြင်းဖြင့် ဆောင်ရွက်ရန်၊ PDF Game များကို နှိမ်နင်းရန်လည်း အကြံပြု ခဲ့ခြင်းဖြစ်သည်။

“ဒီမနက် ၉ နာရီ ၅ မိနစ်မျာ PDF ဂိမ်းကစားရင် ဥပဒေအရ အရေးယူခံ ရမယ်ဆိုတဲ့စာတို ဝင်လာတယ်။ ကျနော်တော့ ချက်ချင်းဖျက်ပစ်လိုက်တယ်။ စစ်ခွေးတွေက အတော်ကြောက်နေပုံရတယ်” ဟု တောင်ဥက္ကလာပ မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မှ အခြားပြည်သူတစ်ဦးကလည်း ၎င်း၏ မိုဘိုင်းလ်ဖုန်းထဲသို့ အကြမ်း ဖက် မှုနှင့်ဆိုင်သော Post ၊ Share ၊ Like ၊ Comment တင်ခြင်းများ ဥပဒေ အ ရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကော် မတီ) မှ အသိပေးအပ်ပါသည် ဆိုသော SMS ရရှိကြောင်း အတည်ပြု ပြော ဆိုသည်။

“ကျနော့်ဖုန်းထဲတော့ ၉ နာရီ ၄၆ မိနစ်မှာ ဝင်လာတာ။ ကမကလ စစ်တပ် က လူပါး၀နေတာ” ဟု မရမ်းကုန်းမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုသူ ၄၆ သန်းရှိပြီး အော်ပရေတာ ၄ ခုရှိ ကာ အော်ပရေတာအားလုံးမှာ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်သူများက ပိုင် ဆိုင် ထိန်းချုပ်ထားကြသည်။khit thit

ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးတင် ရှို့နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်အချိန် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင် ရောက်ပြီး မီးရှို့နေကြောင်း Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှိုဖျက် ဆီးခဲ့သော အကြမ်းဖက် စစ် သား သည် ယနေ့နံနက် ပိုင်းတွင် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာအတွင်းသို့ စစ်ကြောင်းတစ်ကြောင်းလျှင်အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာပြီး အင်ကြင်းပင် ကျေး ရွာများကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း၊ ဒေသခံပြည်သူ၊ ရွာသား များ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘူး၊ အရင်နေ့တွေက မအူပင်အ နောက်ရွာကို မီးရှို့တယ်၊ ပစ္စည်းတွေယူတယ်၊ ဒီနေ့ ကျနော်တို့ ဘက် ရောက် လာတာ၊ တပ်နာမည်တွေလဲ မသိရသေးဘူး၊ အနား ကပ်လို့လဲမရဖူး၊ မီးရှို့နေ တာကို အဝေးကနေပဲ လှမ်းမြင်နေရတယ်၊ အခုတစ်ကြိမ်ပါဆိုရင် မီးရှို့ခံရတာ ၄ ကြိမ်လောက်ရှိပြီ။”ဟု Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။ khit thit

ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့် လာ သဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ်အရာရှိများ မြေကွက်များ ရသည့်စျေးနှင့် ထုတ်ရောင်း

ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့်လာ သ ဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ် အရာရှိ များက မြေကွက်များ ရသည့်စျေးဖြင့် ထုတ်ရောင်းနေကြကြောင်း ကရင် ပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရသည်။

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက် စတင် အကောင်အထည်ဖော်ခဲ့သော တောင် ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် စစ်ကောင်စီ တပ်မှ တိုင်း မှူး၊ ဗျူဟာ မှူး၊ တပ်ရင်းမှူးများက တိုးချဲ့မြို့ပြ၏ အချက်အချာဖြစ်လာမည့် မြေနေ ရာများ ကို ရယူထားကြပြီး ပြည်နယ်အရာရှိများကပါ မြေကွက်များ ဝယ်ယူ ထားခဲ့ ကြကြောင်း၊ ယခုအခါတွင်မူ စစ်တပ်၏ အခြေအနေမှာ ကရင်ပြည်နယ်တွင် အရေး နိမ့်လာသဖြင့် စစ်တပ်အသိုင်းအ၀ိုင်းက ရယူထားသော မြေကွက် များ ကို ရသည့်စျေးဖြင့် ရောင်းထုတ်နေကြကြောင်း သိရှိရသည်။

“ကရင်ပြည်နယ်၊ တောင်ကလေးရွာက တောင်ကလေးဆရာတော်ကို အ ကြောင်း ပြုပြီး ပတ်ဝန်းကျင်ရွာများနှင့်ရွာချင်းဆက် တောင်ကလေးကို မြို့ပြ ပုံစံ ဖန်တီးဖို့ လုပ်ခဲ့တဲ့ စီမံကိန်းရှိတယ်။ တောင်ကလေး ဘုန်းကြီးကျောင်း အနောက်မှာ ပြည်သူပိုင်မြေတွေကိုသိမ်းယူပြီး တပ်ပိုင်မြေ မကျူးကျော်ရ နဲ့ပြည်နယ်တွင်းဝန်ထမ်းတွေကို လုပ်သက်နှင့် ခွဲပြီး အစိုးရစျေး နဲ့ ခွဲဝေပေး ခဲ့တယ်။ နဂိုကလည်း တောင်ကလေးရွာက တပ်ထောက်ခံရွာဖြစ်ပြီး သန်းရွှေ မိန်းမ ကြိုင်ကြိုင် ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းလည်းရှိတယ်။ တောင်ကလေး ရွာအနောက် မြေကွက်တွေမှာ စစ်တပ်နဲ့တပ်ထောက်ခံသူ ရာထူးကြီးပိုင်း တွေ က ရယူထားကြတာ အခုတော့ စစ်တပ်က အခြေအနေမကောင်းတော့လို့ တိုင်း မှူး၊တပ် နယ်မှုး၊တပ်မမှူးနှင့်အသွင်ပြောင်းခေါင်းကြီးပိုင်းတွေက ရတဲ့စျေးနဲ့ မြေကွက်တွေ ထုတ်ရောင်းကြတာ ကုန်လည်းကုန်နေပါပြီ” ဟု ကရင်ပြည် နယ် စစ်ကောင်စီသတင်းရင်းမြစ်က ပြောသည်။

ယခင်က တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းရှိ မြေကွက်များကို စစ်တပ်နှင့် ဌာန ဆိုင်ရာဝန်ထမ်းများက စျေးကောင်းရရှိစေရန် သိုလှောင် ရောင်းချ ဝယ် ယူခြင်း များ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါအတွင်မူ KNU ၏ ထိန်းချုပ် နယ်မြေ ကြီးမားလာခြင်း၊ ထိုးစစ်များ ကျယ်ပြန့်လာခြင်းတို့ကြောင့် ၎င်းတို့၏ အနာဂတ် မသေချာ မရေရာတော့သည်ကို သိရှိလာကြကြောင်း ၊ မြို့ပြ စီမံ ကိန်း မှာလည်း အကွက်သာချထားပြီး ဟန်ပြသာရှိတော့ကြောင်း သိရှိရသည်။

” စစ်အရာရှိတွေနဲ့ ထွေအုပ်၊ စသုံးလုံး တွေက ခေတ်ကောင်းတုန်းက မြေကွက် တွေကို စျေးတက်အောင်လုပ်ပြီး စျေးကစားခဲ့ကြတယ်။ အခု သူတို့ အခြေနေ မကောင်းတော့ သုဿာန်၊ပန်းခြံ၊စျေးတို့ကို ပန္ဒက်ရိုက်ပြပြီး မြေကွက် တွေ အားလုံး အကုန်ရောင်းထုတ်ခဲ့တယ်။ ပြည်သူပိုင်မြေကိုသိမ်းယူပြီး ပြည်သူ ကို ရတဲ့စျေးတွေနဲ့ ပြန်ထုတ်ရောင်းနေတယ်။ တချို့ငွေရှိတဲ့သူတွေကလည်း မြို့ ဖြစ်မယ် ထင်ပြီး ဝယ်ကြတယ်” ဟု ကရင်ပြည်နယ် စစ်ကောင်စီ သတင်း ရင်းမြစ်က ပြောသည်။

NLD အစိုးရ လက်ထက်တွင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် မြေ ၉၂၈ ဒသမ ၉၃ ဧကကို ပြည်ထဲရေး ဝန်ကြီး ဌာနအမိန့် ကြေညာစာ အမှတ် ၄၇၁/ ၂၀၁၈ ၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ပိုင်မြေအဖြစ် ပြန် လည်သတ်မှတ်လိုက်ပြီး တပ်မ ၂၂ ခြေမြန် တပ်မဌာနချုပ်က ကရင်ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်လည် လွှဲအပ်ခဲ့သည်။

တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအတွက် ကရင်ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်း တိုးချဲ့ရေးကော်မတီဖွဲ့စည်းကာ ယင်းကော်မတီဦး ဆောင်မှုဖြင့် စံဖရီးကျေးရွာအုပ် စုအတွင်းရှိ စစ်တပ်၏ စွန့်လွှတ်မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

တောင်ကလေးမြို့ပြ စီမံကိန်းအနေဖြင့် မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ်၌ ပေ ၆၀-၈၀ အကွက်ပေါင်း ၄၁၆ ကွက်၊ ဧရိယာ အားဖြင့် ၄၅ ဒသမ ၈၃ ဧက၊ အကျယ်ပေ ၄၀-၆၀ အကွက်ပေါင်း ၅,၆၀၂ ကွက်၊ ဧရိယာအားဖြင့် ၃၀၈ ဒသမ ၁၁ ဧက၊ အဆင့်မြင့် အိမ်ရာအတွက် ဧက ၁၀၀၊ လမ်းမြေအတွက် ၂၇၄ ဧက၊ စာသင်ကျောင်းနှင့် အစိုးရရုံး ဌာနများအတွက် ၈ ဧက၊ သုဿန်မြေ ၆ဧက၊ သာသနာ့မြေ ၂၂ ဧကနှင့် စံပနုံရွာမြေအဖြစ် ပြန်လည်သတ်မှတ် ပေးမည့် ၂၀၃ ဒသမ ၇၃ ဧကတို့ သတ်မှတ်ခဲ့သည်။

တောင်ကလေးမြို့ပြစီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းအဖြစ် မြေဧက ၁၀၀ ပေါ်တွင် SMH ကုမ္ပဏီကလည်းကောင်း၊ မြေဧက ၂၀ ပေါ်တွင် Golden ZENITH Construction ကုမ္ပဏီကလည်းကောင်း ၄ ခန်းတွဲ ၅ ထပ် များ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရ ပူးပေါင်းပြီး အကျိုးတူ ဆောင်ရွက်သွားရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။khit thit

မြန်မာနိုင်ငံမှာ ပြန်လည်ခေတ်စားလာတဲ့ ဘေ ထုပ်ဈေးကွက်

မြန်မာနိုင်ငံတွင် ဘေထုပ်ဈေးကွက်သည် အရှိန်အဟုန်ဖြင့် ပြန်လည်ခေတ်စားလာနေသည်။ တစ်ချိန်က အခြေခံလူတန်းစားများသာ ဘေထုပ်အဝတ်အထည်များကို ဝယ်ယူဝတ်ဆင်ကြသော်လည်း ယခုအခါ လူလတ်တန်းစားများသာမက ငွေကြေးတတ်နိုင်သူအချို့ပင် ဘေထုပ်အ ထည်‌ကောင်းများကို ဝယ်ယူလာကြသည်။

ရန်ကုန်မြို့၏ ဘေထုပ်ဈေးကွက်ဖြစ်သော ကြည့်မြင်တိုင်ညဈေးရှိ ဘေထုပ်‌အထည်ဆိုင်များတွင် လူကြီးလူငယ် အရွယ်စုံ ကြိတ်ကြိတ်တိုး ရွေးချယ်ဝယ်ယူနေကြသလို အခြားမြို့နယ်များ၏ ရပ်ကွက်အသီးသီးတွင်လည်း ဘေထုပ်အထည်ဆိုင်များ တစ်စတစ်စတိုးပွားလာနေသည်။

“ခေတ်ပြောင်းသွားပြီ ပြောရမယ်။ ဘေထုပ်ဝတ်တာ အရည်အသွေးကောင်းကောင်းဝတ်ရတော့ လူငယ်တွေ မရှက်တော့ဘူး” ဟု Facebook အွန်လိုင်းပေါ်မှတစ်ဆင့် ဘေထုပ်ရောင်းချသူ ကိုမျိုးမြင့်က ဆိုသည်။

ကိုမျိုးမြင့်ထံ လာရောက်ဝယ်ယူသူအများစုတွင် ၎င်းက ဘောစိဟု ခေါ်သည့် သူဌေးများလည်း ရှိသည်ဟုဆိုပြီး အထည်အရည်အသွေးကောင်း မွန်မှုနှင့် ရှားပါးမှုအပေါ် မူတည်၍ သိန်းဆယ်ဂဏန်းအထိ ပေးကာ ဝယ်ယူသူများလည်း ရှိသည်ဟု ဆိုသည်။

“ချမ်းသာတဲ့လူတွေကတော့ အပုံထဲ တိုးမဝယ်ဘူးလေ။ ခေါင်ထည်ထဲက သူတို့အကြိုက်ကိုပဲ ဈေးကောင်းပေးဝယ်တာ” ဟု ဆိုသည်။

ဘေထုပ်ပါကင်လုံးများတွင် ပါဝင်သည့် ရှားပါး Vintage အထည်ဟု ခေါ်သည့် ခေတ်ဟောင်းအထည်များကို အင်တာနက်ပေါ်တွင် လေလံရောင်းချမှုများ ရှိနေပြီး အနည်းဆုံး သောင်းဂဏန်းမှ လေလံစဖွင့်ကာ သိန်းဆယ်ဂဏန်းဖြင့် လေလံပိတ်ရောင်းချမှုများရှိနေသည်။

ဘေထုပ်ပါကင်လုံးများကို ‌အလေးချိန်နှင့် အထည်ပါဝင်မှုအလိုက် ဝယ်ဈေးနှုန်း သုံးသိန်းမှ ဆယ်သိန်းကျော်အထိ ရှိပြီး အထုပ်ဝယ်ယူသူများအတွက် ဈေးကောင်းရသည့် အထည်များများပါဝင်မှသာ အမြတ်အစွန်းရပြီး တစ်ခါတစ်ရံ အရည်အသွေးညံ့သည့် အထည်များပါဝင်မှုကြောင့် အရှုံးပေါ်တတ်သည်။

“ထီထိုးသလိုပဲ။ တချို့အထုပ်က အမြတ်ကြမ်းတယ်။ တချို့အထုပ်ဆို ကြမ်းတိုက်ဝတ်လောက်ပဲ ပါတယ်” ဟု ဘေထုပ်ပါကင်ဖောက် ရောင်းချနေသူတစ်ဦးက ပြောသည်။

ယခင်က ဘေထုပ်ပါကင်အထုပ်များဖောက်ပါက မြတ်စွန်းလေ့ရှိပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် ဒေါ်လာဈေးမြင့်တက်မှုနောက်ဆက်တွဲ ဘေထုပ်ဈေးပါ မြင့်တက်လာပြီးနောက် အထုပ်ဖောက်သူများ၏ ဆုံးရှုံးမှုရာခိုင်နှုန်းမှာ ယခင်ထက် ပိုများလာသည်ဟု ဆိုင်သမားများက ဆိုသည်။

ဘေထုပ်ဈေးကွက်ကို ယခင်က ရန်ကုန်မြို့ လမ်းဘေးတွင်သာ မြင်တွေ့ရသော်လည်း ယခုအခါ ဈေးဝယ်စင်တာကြီးများတွင် ဘေထုပ်ပွဲတော်ပြုလုပ်၍ပင် ရောင်းချနေပြီဖြစ်သည်။ myanmar now

ရေဖြူတွင် ဘုရားကျောင်းလာတက်သည့် သားအဖကို ပျူစောထီး ပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာမှာ တနင်္ဂနွေအပတ်စဉ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဆိုင်ကယ်စီးပြီးလာတက်တဲ့ သားအဖကို ဇန်နဝါရီ ၂၉ ရက် မနက် ၉ နာရီခွဲလောက်မှာ ပျူစောထီးအဖွဲ့က ပစ်ခတ်လိုက်တာကြောင့် သားဖြစ်သူ ကျည်ထိမှန်ပြီး အရေးပေါ်ကုသနေရပါတယ်။

ကျည်ထိမှန်ခဲ့သူမှာ ကလိန်အောင်မြို့နယ်၊ မိုင် ၆၀ ရွာမှ အသက် ၁၆ နှစ်အရွယ် မောင်သြနေသိမ့် ဖြစ်ပြီး ဖခင်ဖြစ်သူ မောင်းနှင်လာတဲ့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာရင်း ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “သူတို့က (ပျူစောထီး) ဂိတ်ဖွင့်ပြီး စောင့်နေတာလည်း မဟုတ်တော့ လမ်းဘေးမှာ သူတို့စောင့်နေမှန်းလည်း မသိဘူး။ သူတို့လှမ်းတားတာ မကြားလို့ မရပ်ပေးတာကို ပစ်လိုက်တာ၊ သုံးချက်မှာ ၂ ချက်က နောက်ကထိုင်လာတဲ့ကောင်လေးကို ထိသွားတယ်” လို့ ပြောပါတယ်။

မောင်သြနေသိမ့်ဟာ ကျည်ထိမှန်ကာ လည်ပင်းဒဏ်ရာရရှိခဲ့ပြီး မောရဝတီ ရေတပ်ဆေးရုံက တဆင့် ထားဝယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

အခုလို ဆိုင်ကယ်စီးနင်းလာတဲ့သားအဖ ပစ်ခတ်ခံခဲ့ရတဲ့ မင်းသားရွာမှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ထားတာ မရှိပေမဲ့ စစ်ကောင်စီက ဆိုင်ကယ်လုံးဝစီးနင်းခွင့်ပိတ်ထားတဲ့ ကံပေါက်ရွာကို ဆိုင်ကယ်နဲ့မသွားဖို့ ပျူစောထီးတွေက တားမြစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရတဲ့ ဇန်နဝါရီ ၂၅ ရက် ညနေကစပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ခံထားရတာ ၅ ရက်ရှိနေပြီဖြစ်ပြီး ဖမ်းခံထားရတဲ့ ဒေသခံတွေလည်း ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။DVB

ရခိုင်ပြည်နယ် ယိုးတရုပ်ကျေးရွာတွင် AA က အိမ်ရာအကွက်ရိုက်ရောင်းချသည်ဟု သတင်းမှားပျံ့

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)က အိမ်ရာ အကွက်ရိုက်ရောင်းချရန်ပြုလုပ်နေကြောင်း သတင်းမှားပျံ့နေသည်။ ထိုအဆိုသည် မှားယွင်းနေသည်။

“Min Chit Oo” အမည်ရှိ တယ်လီဂရမ်မှစတင်၍ ရက္ခိုင့်တပ်တော်ကိုခုတုံးလုပ်ပြီး ယိုးတရုပ်ရွာသူ၊ သား များအားခြိမ်းခြောက်ကာ အိမ်ရာအကွက်ချရန် လုပ်နေကြောင်း ကော်မတီများစစ်ဆေးပေးရန်လိုကြောင်း ဖြန့်ဝေထားသည်။ ထိုအကြောင်းကို May Yu Htar Nay ချန်နယ်တွင်လည်း ဖြန့်ဝေထားသည်။ ကြည့်ရှုသူ ၄,၀၀၀ နီးပါးရှိနေပြီ ဖြစ်သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ ထိုသို့ AA မှ ယိုးတရုပ်ကျေးရွာတွင် အိမ်ရာအကွက်ရိုက် ရောင်းနေသသည်ဆိုသောသတင်းကို မည်သည့်ရခိုင်အခြေစိုက် မီဒီယာများတွင်မျှ ဖော်ပြခြင်းမရှိပေ။

ထပ်မံ၍ သတင်းတုတွင်ပါဝင်သော ယိုးတရုပ်ကျေးရွာသားတစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ရှိ၌ ထိုရွာတွင်နေထိုင်နေပြီး ယင်း သို့ ဖြစ်စဉ်များ မရှိကြောင်း ဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း ယိုးတရုပ်ကျေးရွာရပ်ရွာလူကြီးများက စစ်ဘေးရှောင်လာသူအချို့ကို မြေ ကွက်နေရာပေးထားခြင်းများရှိကြောင်း၊ AA မှ ပြုလုပ်သည်ဟု မကြားမိကြောင်း အတည်ပြုသည်။

ထို့ကြောင့် AA မှ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာတွင် ရွာသူ၊ ရွာသားများကို ခြိမ်း ခြောက်ပြီး အိမ်ရာအကွက်ချနေ သည်ဟူသည်မှာ သတင်းမှားတစ်ခုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

« Older Entries Recent Entries »