Blog
Latest Posts
မြိုင်နှင့်ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီပစ် မှတ်များတိုက်ခိုက်ခံရ၊ ဟုမ္မလင်း၌ SNA နှင့် PDF တိုက်ပွဲဖြစ်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အရာရှိတယောက်အပါဝင် ၃ ယောက်သေဆုံးပြီး ၆ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ စကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ မြိုင်မြို့နယ် သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မနေ့ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်သံပေးပြီး မျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊တပ်ခွဲ(၄) စကြာဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။ အဲဒီစစ်သားတွေနဲ့ပျူတွေဟာ ဆိုင်ကယ် ၂ စီးကား ၂ စီးအပြင် ခြေလျင်အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့အချိန် တိုက်မိုင်း ၄ လုံး၊ထောင်မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ ဆိုင်ကယ် ၂ စီးတိုက်မိုင်းမိသွားတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ တပ်ကြပ်ကြီးတယောက်နဲ့…
စစ်ကိုင်းတိုင်း၌ သုံးလနီးပါးအတွင်း အရပ် သား ၂၂ ဦးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၃,၀၀၀ ကျော်မီးရှို့ခံရ
စစ်ကိုင်းတိုင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ အရပ် သား ၂၂ ဦးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၃,၀၀၀ ကျော်မီးရှို့ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်များကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက် ခမရ(၃၆၁)၊ ဖောင်းပြင်မြို့အခြေ စိုက် ခမရ (၃၅၈)နှင့် ဟုမ္မလင်းမြို့အ ခြေစိုက် ခမရ(၃၆၉)တို့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ စုဆောင်းစစ်ဆေးထားသည့် အချက်အလက်များအနက် ထိုတပ်ရင်းသုံးခု၏ ကျူးလွန်မှုများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလအတွင်း ပိုမိုဆိုးရွာလာသည်ကိုတွေ့ရှိရသဖြင့် အစီရင်ခံစာ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း NUG က…
ရန်ကုန်တွင် တလအတွင်း ပစ်ခတ်ဗုံးကွဲမှု ၂၉ ကြိမ်ဖြစ်ပြီး ဗိုလ်မှူး ၃ ဦးအပါအဝင် ၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ
ရန်ကုန်မှာ အခုနှစ်ဆန်း ဇန်နဝါရီလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုပေါင်း ၂၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူး ၃ ယောက်အပါ အဝင် ၇ ယောက်သေဆုံးကာ ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၈ ရက်အတွင်း လှိုင်သာယာ၊ သာကေတ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ တွံတေးမြို့နယ်နဲ့ အမြန်လမ်းမှာ ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။ “လက်ရှိတာဝန်ထမ်းနေတဲ့ ဗိုလ်မှူးတစ်ဦးရယ်၊ အငြိမ်းစား ဗိုလ်မှူးနှစ်ဦးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတဦးရယ်၊ ဗိုလ်မှူးရဲ့မိန်းမရယ်၊ ရဲသတင်းပေးတစ်ဦးရယ် သေတယ်…
Loading…
Something went wrong. Please refresh the page and/or try again.