Category Archives: Breaking News

မြောင်းမြထောင်၌ မတရား ဖမ်း ဆီး ခံထားရသည့် အမျိုးသား သေ ဆုံး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အကျဉ်းထောင်တွင် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့်မတရား ဖမ်းဆီးထားသော အသက် ၆၈ နှစ်အရွယ် ဦးအင်ဟုတ်သည် ယ နေ့ အောက်တိုဘာလ ၂၆ ရက်တွင် သေဆုံးသွားကြောင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဝေလင်းအောင်က ပြောသည်။

“ပုဒ်မ ၅၀၅ တွေ ပြန်လွှတ်ပေးချိန်မှာ ပါလာမယ် ထင်ပြီး မပါခဲ့ဘူး။ အခုသူ့ကို စစ်ကောင်စီက ဖမ်းဆီးထားတာမှာ ၁၄၆ ရက်မြောက်နေ့ ဖြစ်ပါတယ်။ ထောင်အ တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ မရရှိတာကြောင့် အခုလိုဖြစ်ခဲ့ရတာပါ။ သူ့ကို မတရား ဖမ်းဆီးခဲ့သူတွေဟာ ဒီဖြစ်စဉ်ကို တာဝန်ခံရမယ်။ ကျွန်တော် ရရှိထားတဲ့ သတင်းအရ ဆေးရုံကို ပို့တဲ့အချိန်မှာ အ သက် မရှိတော့ဘူး။ သူ့ကို ဝင်ရောက် ဖမ်းဆီးချိန်မှာလည်း လေးခွတစ်လက်က လွဲလို့ ဘာမှ မိခဲ့တာ မ ဟုတ်ဘူး”လို့  ၎င်းက ပြောသည်။

ဦးအင်ဟုတ်သည်  ယနေ့ နံနက်ပိုင်းတွင် ထောင်အ တွင်း  မူးလဲခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် အ သက်ဆုံးပါး ခဲ့ခြင်း ဖြစ်သည်။

ဦးအင်ဟုတ်သည် မြောင်းမြမြို့ နယ်၊ ညောင်ခြေ ထောက် ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအိမ်တွင် နေသော အိမ်ငှားများက ဖောက်ခွဲရေး လုပ်သည်ဆိုသော စွပ် စွဲချက်ဖြင့် စစ်ကောင်စီတပ်များက လာရောက်ရှာဖွေရင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။mizzima

မုံရွာမြို့ပေါ် ဆည်မြောင်းရုံးနှင့်ရဲမှူးကားကို မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုံး၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီး၊ စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးနှင့် ရဲမှူးတစ်ဦး၏ ကားကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် မဟာမိတ်၄ဖွဲ့က ရှော့တိုက်ဒုန်း၊ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့လိုက်သဖြင့်  စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မုံရွာမြို့ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်နှင့်သန်းကု ဋေအောင်ဆီဆိုင်အနီးတွင်ရှိနေသည့် ရဲမှူး၏ဂျစ်ကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဂျစ်ကားမှာ အစိတ် စိတ်အမွှာမွှာ ကြေမွပျက်ဆီးသွားကြောင်း သိရှိရသည်။

အလားတူ မုံရွာမြို့ပေါ်ရှိ ဆည်မြောင်းရုံးကို PDF-South Monywa ၊ Monywa Night King ၊ Monywa Heroes Group ၊ Monywa UG Group တို့က ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး လက်မောင်းစုတ် ပြတ်ဒဏ်ရာရရှိခဲ့ပြီး ဆည် မြောင်းရုံးအတွင်းမှ သေနတ်ပစ်ဖောက်ခြောက်လှန့်နေကြောင်း သိရှိရသည်။khit thit

နုတ်ထွက်ပြီဟုဆိုကာ ဆက်၍ အလုပ်လုပ်နေသော စစ်ကောင်စီခန့် မင်္ဂလာဒုံ၊ ကုန်းတလပေါင်း အုပ်ချုပ်ရေးမှူး ဝေလင်းအောင် သေ နတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်းစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဝေလင်းအောင်သည် မင်္ဂလာဒုံ တပ်ရင်း ၉ ထိပ်၌ ယနေ့ အောက်တို ဘာလ ၂၆ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဝေလင်းအောင်သည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်စာတင်ထားသော်လည်း အမှန်တကယ်နုတ်ထွက်ခြင်းမရှိကြောင်း၊ ရပ် ကွက်ရုံးများနှင့် သက်ဆိုင်ရာနေရာများတွင် အမြဲတွေ့ရကြောင်း၊ အသက်မပြည့်သေးသော မိန်းကလေးငယ်များအား အမှုဆင်လိမ်လည်ဖမ်း ဆီးခိုင်းဖူးသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ယခုဖြစ်စဉ်သည် မင်္ဂလာဒုံမြို့နယ်အတွင်း ပထမဆုံးအကြိမ် အုပ်ချုပ်ရေးမှူး ၁ ဦး အ သတ်ခံရသည့် ဖြစ်စဉ်လည်းဖြစ်သည်။khit thit

သထုံမြို့နယ်၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီ တပ် သား ၁၄ ဦးသေ၊ ၉ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) အကြား  တရက်အတွင်း ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က  ၁၄ ဦး သေဆုံးကာ  ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

ကေအန်ယူ  သထုံခရုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ (၄၀၆) BGF ၁၀၁၃ တပ်ခွဲ ၂ ပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်ဘာ ၂၄ ရက်နေ့က ထိတွေ့ပစ်ခတ်မှု ၅ ကြိမ် ဖြစ်ပွားခဲ့တာပါ။

ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းစခန်းမှ တပ်ပြောင်းပြီး ပြန်လာတဲ့ တပ်ဖွဲ့ကို  ကြားဖြတ်ပတ်ခတ်ခဲ့တာ လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အတွက် ည ၉ နာရီလောက်မှာ  ထုံးဘိုလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ အတွင်းတပ်ဆွဲထားတဲ့ တပ်မ ၂၂ လောက်အောက်ခံ ခမရ ၂၀၁ မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ရာမှာ ထုံးဘိုကြီးကျေးရွာ ရွာလယ်ပိုင်းက နေအိမ်တလုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ကေအန်ယူ-သထုံခရိုင်၊ တပ်မဟာ (၁)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလုပ်ရှားမှုနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကြောင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်(KNLA) နဲ့ စစ်ကောင်စီတပ်တွေ ရက် ၂၀ အတွင်း တိုက်ပွဲပေါင်း ၃၀  ကျော် ဖြစ်ပွားခဲ့တယ်လို့  ကေအန်ယူသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။  DVB

အကြမ်းဖက်စစ်တပ်ထောက်ခံပွဲအပြီး မိတ္တီလာတွင် ရဲစခန်းရှေ့ စစ်ကားပေါ် ဗုံးကွဲပြီး ရဲနှစ်ဦးသေဆုံး၊ စစ်တပ်က ရမ်းကားပစ်ခတ်၍ မိတ္တီလာမြို့ထဲတွင် ၀ရုန်းသုန်းကားဖြစ်

မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် အကြမ်းဖက်စစ်တပ် ထောက်ခံပွဲ ပြုလုပ်အပြီး အမှတ် ၂ ရဲစခန်းရှေ့ ရပ်နားထားသော စစ်ကားပေါ်တွင် ယနေ့ နံနက် ၁၁ နာရီကျော်အချိန် ဗုံးပေါက်ကွဲရာ ရဲနှစ်ဦး သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ရရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မိတ္ထီလာ တပ်ထောက်ခံပွဲဆောင်ရွက်ပြီးစီးချိန် ဈေးအနောက်ဘက် ဝင်းမာလာအထည်ဆိုင်အနီး အမှတ် ၂ ရဲစခန်းအရှေ့ ရပ်ထားသော ကင်းလှည့် စစ်ကားအပေါ် ပေါက်ကွဲမှုဖြစ်ပွားတယ်။ ရဲတစ်ဦး သေတယ်။ ရဲတပ်ရင်း ၃၅ မှ ရဲ (၃) ယောက် နှင့် စစ်သား (၁) ယောက် ဒဏ်ရာ ပြင်း ထန်တယ်။ သေနတ်နှစ်လက် လမ်းပေါ် ကျန်ရစ်ခဲ့ပြီး စစ်တပ်မှ လမ်းပိတ်၍ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ၊ ရုံရှင်ရုံလမ်း၊ စူပါဖိုက် အရှေ့ တွေမှာလည်း သေနတ်ဆက်တိုက်ပစ်တယ်။

စစ်တပ်က ဗုံးများလည်းဆက်ဖောက်ခွဲတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားသည်။ ယနေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်မှစတင်၍ မိတ္တီလာစျေးအနီးသို့ ဆက်တိုက်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပြည်သူများ ၀ရုန်းသုန်းကား ထွက်ပြေးကြရကြောင်း သိရှိရသည်။ “ဘာကို ပစ်မှန်းမသိဘဲ ပစ်တာ။ အကုန်လုံး ပြေးကြ လွှားကြ ပုန်းကြပဲ။ အတော်ကို ၀ရုန်းသုန်းကားဖြစ်သွားတယ်။

သူတို့ စစ်ကား ဗုံးခွဲခံရတာ ရမ်းကားပစ်တယ်ပြောတယ်” ဟု မိတ္တီလာစျေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။ ZeroArmy Brigade 1 တပ် ဖွဲ့ကမူ “ယနေ့ ထီလာ ပြည်သူ ပြည်သားများအနေဖြင့် သေရေး ရှင်ရေး အရေးအလွန်ကြီးသောကိစ္စမှ မဟုတ်လျှင် အပြင်မထွက်ခြင်းဖြင့်သော် လည်းကောင်း အမှတ်မထင် မြင်ခဲ့ သိခဲ့ ကြားခဲ့သည်များ ရှိပါလျှင်လည်း နှုတ်ဆိတ် နားပိတ်နေခြင်းဖြင့်သော် လည်းကောင်း ပြည်သူ့ဘက်တော်သား မြို့နေပြောက်ကျားတပ်ဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်ဗျာ “ဟု ပြည်သူသို့ မေတ္တာရပ်ခံချက်တစ်ရပ် သတင်းထုတ်ပြန်သည်။khit thit

လားရှိုးက စစ်ကောင်စီတပ်ရင်း ၂ ခု ပစ်ခတ်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၅၀၇)‌ ခြေမြန်တပ်ရင်းနဲ့ အမှတ် (၁) ဝန်တင်တပ်ရင်းတို့ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနီးနားရပ်ကွက်နေပြည်သူတဦးက “ပေါက်ကွဲသံတွေက အကျယ်ကြီးပဲ မြေကြီးတောင်တုန်တယ်။ အေတီတပ်ထဲကို ပစ်သွားတယ်လို့ပြောတာပဲ။ တချိန်တည်းမှာပဲ ၅၀၇ တပ်ကို ပစ်ခံရတယ်လို့ သတင်းတွေတက်လာတယ်။ ပေါက်ကွဲသံအပြီးမှာ တပ်ထဲက အသိပေး သံချောင်းခေါက်သံတွေ ကြားရတယ်” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကြောင့် အမှတ်(၁)ဝန်တင်တပ်ရင်းဧရိယာအတွင်းက လားတွေထားတဲ့ အဆောင်နား လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲတာရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။   အဆိုပါ ပစ်ခတ်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာရှိမရှိသိရဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လားရှိုးမြို့မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ပြီး တိုင်းလက်အောက်ခံ တပ်ရင်းပေါင်း ၃၀ နီးပါးက မြို့ပတ်လည်ကို အခြေချဝိုင်းရံထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်ရေးတပ်မတွေကလည်း အဝေးကင်း အနီးကင်းချကာ မြို့အဝင်အထွက်ကို တင်းကျပ်ထားတဲ့ကြားက အခုလို ပစ်ခတ်တိုက်ခိုက်ခံရတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေ ကြပါတယ်။

မြို့ခံတစ်ဦးက “လားရှိုးမှာ ဗိုလ်ချုပ်အဆင့်ရုံးထိုင်တဲ့ ရမခစစ်ဌာနချုပ်ကြီး ရှိတယ်။ သူ့အောက်က တပ်ရင်းပေါင်းကလည်း မနည်းဘူး။ မြို့ပတ်လည်မှာလည်း တပ်တွေကြီးပဲ လက်ညှိုးထိုးမလွဲဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကိုအကြောင်းပြပြီး မြို့အဝင်အထွက်လမ်းတွေမှာလည်း စစ်သားတွေက စစ်ဆေးနေတယ်။ ဒီကြားထဲ အခုလိုမျိုး လာပစ်သွားတယ်ဆိုတော့ စဉ်းစားတာကြည့်ပေါ့” လို့ ပြောပါတယ်။

လားရှိုးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ အောက်တိုဘာလဆန်းပိုင်းက ထိတွေ့တိုက်ပွဲတွေ  ဖြစ်ပွားခဲ့တာရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)‌ တွေ ဖွဲ့စည်းထားပြီးဖြစ်ကြောင်းလည်း သက်ဆိုင်ရာတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။DVB

ဟုမ္မလင်းမြို့က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေ က CDM ကျောင်းဆရာမတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် လျှစ်စစ်ကုန်းက တိမ်းရှောင်နေတဲ့ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေ မနေ့ည ၇ နာရီခွဲလောက် လာရောက်ရှာဖွေပြီး မရီးဖြစ်သူကို ပစ်သတ်သွားတယ်လို့ ကာယကံရှင်က ပြောပါတယ်။

ကိုကျော်ဝင်းစိန်က “ဟုမ္မလင်းမြို့ရဲ့ ဒလန်အကြီးစား ပျူစောထီးခေါင်းဆောင် မောင်မော့စ်ကို အမည်မသိအဖွဲ့က သတ်တယ်ဆိုလားမသိဘူး၊ မောင်မော့စ်ဆိုတဲ့ကောင်ကို ကျနော်အပြင်မှာ ကောင်းကောင်းတောင် မမြင်ဖူးသလို အခင်းဖြစ်ပွားတဲ့ကိစ္စဟာလည်း ကျနော်နဲ့ပတ်သက်ခြင်း မရှိပါဘူး။ ပတ်သက်ခဲ့ရင်တောင် သတ်မယ့်သတ် ကျနော့်ကို သတ်ရမှာမဟုတ်ဘူးလား၊ အခု မဆိုင်တဲ့ ကျနော့်မရီးကို သေနတ်နဲ့ ၃ ချက်လောက် ပစ်သတ်သွားတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသူ မမေနှင်းအေးဟာ CDM ကျောင်းဆရာမဖြစ်ပြီး လက်ရှိမှာ တစ်နှစ်ကျော်သားလေး ကျန်ခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာမှာ အောက်တိုဘာ ၂၄ ရက် နေ့လယ် ၁  နာရီလောက်က ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်မော့စ်ကို အမည်မသိ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ သိရပါတယ်။DVB

ကန်ကြီးထောင့်၊ ကညင်ငူရွာအနီး စစ်ကောင်စီကားတစ်စီးအား PSTF မှ ဗုံးပစ်သွင်းဖောက်ခွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး ၂ ဦး ဒဏ် ရာရ၊ PSTF အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ကျဆုံး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကညင်ငူရွာ ကားမှတ်တိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီကားတစီး ယမန်နေ့ အောက်တိုဘာလ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်၌ ပုသိမ်ခရိုင် မြို့ပြပြောက်ကျားတပ်ဖွဲ့-PSTF က ဗုံးပစ်သွင်း ဖောက်ခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကာ ပစ်ခတ်ဖမ်းဆီးခံရသဖြင့် PSTF အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။

“ဗုံးကွဲပြီးတော့ စစ်ကားက အမိုးပါ လန်သွားတယ်၊ နောက်ဆုံးကြားရတာကတော့ ၃ ယောက်သေတယ်၊ ၂ ယောက် ဒဏ်ရာရတယ်။ ပြီးတော့ သူတို့ စစ်တပ်က လိုက်ပစ်တာ ဆိုင်ကယ်ပေါ်က ကောင်လေးတစ်ယောက် သေနတ်မှန်ပြီး ဖမ်းခံရတယ်၊ သူတို့ ဝိုင်းရိုက်ကြတာ အဲဒီကောင်လေး သေသွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားသော ရဲဘော်မောင်ကျော်အား မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပုသိမ်ခရိုင်) မှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း၊ ကိုမောင်ကျော်နှင့်တကွ မတရားကျဆုံးခဲ့ရသည့်ရဲဘော်များအားလုံး အေးချမ်းစွာခေါင်းချနိုင်ရန် အရေးတော်ပုံအောင်နိုင်သည့်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားမည်ဟု PSTF မှ ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေဆုံးဒဏ်ရာရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူနာတင်ကားဖြင့် ခေါ်ဆောင်သွားပြီး ကျေးရွာအနီးဝန်း ကျင်အား ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ယခုလို စစ်ကောင်စီလှည့်ကင်းကားအတွင်း ဗုံးပစ်သွင်းဖောက်ခွဲခြင်းသည် ဧရာဝတီ တိုင်းအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။khit thit

ဖလမ်းမြို့တွင် ပုတ်ပွနေသည့် အမျိုးသားအ လောင်းမှာ CDMဆရာဝန်ဖြစ်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရယ်သီးကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၃ ရက်နေ့ကတွေ့ရှိရသည့် ပုတ်ပွနေသည့်အမျိုးသားအ လောင်းမှာ မကွေးမြို့မှ CDMဝင်ရောက်လာသည့် ဆရာဝန်နိုင်ထူးလွင် ဖြစ်ကြောင်းသိရသည်။

အဆိုပါအလောင်းကို ဖလမ်းမြို့၊ လုံပီးရပ်ကွက် (ယခင် ရီလ်သီးရွာ)တွင် အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က မိုင်းရှာဖွေရှင်းလင်းစဉ် တွေ့ရှိရခြင်းဖြစ်သည်။

ပြီးခဲ့သည့်အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ကလေးမြို့မှတက်လာသည့်စစ်ကောင်စီတပ်များသည် ဖလမ်းမြို့နယ် ထင်းရူးစခန်းအနီး သူဖယ် (Tuphei khua) ကျေးရွာသား နှစ်ဦးကိုပစ်သတ်ခဲ့ပြီး လမ်းဘေးတွင်ပစ်ထားခဲ့ကြသည်။mizzima

ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် ကိုအောင်စံသူ၊ ကိုဇော် အပါအဝင် ကျေးရွာသား ၃ ဦးကို စစ်တပ်က ပစ်သတ်၊ ဘုတလင်မြို့နယ်၊ ရွှေစာ ရေးကျေးရွာတွင် ကိုဇော်နိုင်ဌေး၊ ကိုငယ်လေးနှင့်ကိုမျိုးထွန်းတို့ ၃ ဦးကိုလည်း စစ်တပ်က ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် ကျေးရွာသား ၃ ဦးကို အောက် တိုဘာလ ၂၂ ရက်နေ့တွင်လည်းကောင်း၊ ဘုတလင်မြို့နယ်၊ ရွှေစာရေး ကျေးရွာတွင် ကျေးရွာသား ၃ ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့တွင်လည်း ကောင်း စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် ကိုအောင်သူစံ၊ ကိုဇော် အပါ အဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်တပ်က အောက်တို ဘာလ ၂၂ ရက်နေ့က ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် အနီးအနား ကျေးရွာများသို့ ကင်းလှည့်စဉ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း၊ စစ်ကား ၁ စီးနှင့်ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း ပျက်စီးထိ ခိုက်မှု မရှိခဲ့ကြောင်း ၊ ယင်းနောက် စစ်ကောင်စီတပ်များက အနီးအနားကျေးရွာမှ ပြည်သူ ၃ ဦးဖြစ်သည် ကိုအောင်စံသူ၊ ကိုဇော်နှင့် ဘောင်ညကျေး ရွာသား တို့ကို ပစ်သတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပလိုင်းကျေးရွာသား ကိုအောင်စံသူ၊ ကိုဇော်နဲ့ ဘောင်ညကျေးရွာသားတွေကို ပစ်သတ်သွားတယ်။ အဲဒီမှာ ကိုဇော်က ဒဏ်ရာရပြီး ထွက်ပြေးတာကို လိုက် ဖမ်း သတ်ပစ်တာပါ။ စစ်တပ်က သတ်လည်း သတ်တယ်။ အလောင်းလည်း ဖျောက် ဖျက်တာပေါ့ ပြန်မပေး​ဘဲ” ဟု ဒေသခံကျေးရွာသား တစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာကိုလည်း စစ်ကောင်စီတပ်များက ယမန် နေ့ ညနေ ၆ နာရီတွင် ဝင်ရောက်စီး နင်းခဲ့ပြီး ကျေး ရွာသား ၃ ဦးဖြစ်သည့် ကိုဇော်နိုင်ဌေးအသက် ၃၅ နှစ်၊ ကိုမျိုးထွန်း အသက် ၃၀ နှစ်၊ ကိုငယ်လေး အသက် ၂၅ နှစ်တို့ကို နေရာတွင်ပင် ပစ်သတ်သွားကြောင်း သိရှိရသည်။

“မနေ့ ညနေက ရေကြောင်းလမ်းကနေ ဝင်လာပြီး ရွာကိုဝင်စီးပါတယ်။ ရွာ သားတွေအားလုံး ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ အခုထက်ထိလည်း တပ်စွဲထားတုန်းပဲ။ အဲဒီမှာ ဦးခင်မောင်မြင့်ရဲ့သား ကိုဇော်နိုင်ဌေး အသက်၃၅ နှစ်၊ ဦးသန်းညွန့်ရဲ့သား ကိုမျိုးထွန်းအသက်၃၀နှစ်၊ ဦး တင်မောင်ဝင်းရဲ့ သား ကိုငယ်လေးအသက်၂၅နှစ်တို့ကို ရွာထဲမှာပဲ ပစ်သတ်ပါတယ်။ အခုထက်ထိ အလောင်းကို သယ်လို့ ပြုလို့လည်းမရပါဘူး” ဟု ရွှေစာရေးကျေးရွာသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းတွင် စစ်ဆင်ရေးကြီးများ ဆင်နွှဲပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ ကျေးရွာများကို စီးနင်းပြီး လူ ထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်းများ တောက် လျှောက် ဆိုသလို လုပ်ကိုင်လျက်ရှိကြောင်းသိရှိရသည်။khit thit

« Older Entries