Category Archives: statement

အကြမ်းဖက် လူသတ် စစ်ကောင်စီနှင့် ပူးပေါင်းသော ပအိုဝ်းအမျိုးသား တပ်မတော် (PNO/ PNA) ကို ကန့်ကွက်ရှုတ်ချဟု ပအိုဝ်းလူငယ်အဖွဲ့ ၁၁ခု ထုတ်ပြန်

ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) သည် အကြမ်းဖက် လူသတ် စစ်ကောင်စီနှင့် ပူးပေါင်းကာ လူထုကာကွယ်ရေးတပ်ဖွဲ့ (PDF/KNDF) များကို နယ်မြေကျူးကျော်သည်ဟု အကြောင်းပြကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး PNO/PNA၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း ၁၁ဖွဲ့က ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

” ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/ အသွင်းပြောင်းဌာနေပြည်သူ့စစ် (PNO/PNA) မှ အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် ပူးပေါင်းလုပ် ဆောင်ချက်များသည် ပအိုဝ်း တမျိုးသားလုံးနှင့် သက်ဆိုင်ခြင်းမရှိပါ။ (PNO/PNA) အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် လူထုနှင့် အတူတော်လှန်ရမည့် အချိန်ဖြစ်သော်လည်း စစ်ကောင်စီအား တော်လှန်ခြင်းမရှိဘဲ လူထုကာကွယ်ရေးတပ် (PDF/KNDF)အား နယ်မြေကျူးကျော် အကြောင်းပြ၍ စစ်ကောင်စီနှင့် ပူးပေါင်း ထိုးစစ်ဆင်မှုများအား ကျွန်ုပ်တို့အနေဖြင့် ကန့်ကွက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ပအိုဝ်းဒေသတွင် တပ်စွဲထားပြီး စစ်အာဏာရှင် တည်မြဲရေးအတွက် ပုံစံအမျိုးမျိုးဖြင့် သွေးခွဲ စီမံအုပ်ချုပ်ပြီး လူထုကာကွယ်ရေးတပ် (PDF) အား ထိုးစစ်ဆင်နေသည့် လုပ်ဆောင်ချက်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု လုပ်ရပ်များအား ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။

ထိုကြောင့် ပအိုဝ်းလူငယ်များ အနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်နေမှုများအား ကျွန်ုပ်တို့ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ်အတွက် တော်လှန်နေသည့် မည်သည့် လူမျိုး၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အဆုံးတွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်ကို တက္ကသိုလ်ပေါင်းစုံ ပအိုဝ်းကျောင်းသား ကျောင်းသူများ အဖွဲ့ချုပ်၊ ကရင်နီ ပအိုဝ်းလူငယ်များ အဖွဲ့၊ ပအိုဝ်းမျိုးဆက်သစ် လူငယ်များ (GZ)၊ စင်္ကာပူ ပအိုဝ်းလူငယ်များအဖွဲ့၊ ရန်ကုန် ပအိုဝ်းလူငယ်များအဖွဲ့၊ အမေရိကန် ပအိုဝ်းလူငယ်များအဖွဲ့၊ ထိုင်းနိုင်ငံ ပအိုဝ်းလူငယ်များအဖွဲ့၊ မလေးရှား ပအိုဝ်းလူငယ်များအဖွဲ့၊ ဂျပန်နိုင်ငံရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်သော ပအိုဝ်းလူငယ်များအဖွဲ့၊ ပအိုဝ်းအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဖက်ဒရယ် ဒီမိုကရေစီ လိုလားသော ပအိုဝ်းလူငယ် အင်အားစုများ စသည့် လူငယ် အဖွဲ့အစည်း ၁၁ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။khit thit

ထိုင်းပြည်သူများနှင့်အတူ တသားတည်း ရှိကြောင်း Area 21 Revolution Network ထုတ်ပြန်

စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး တသားတည်းရှိကြောင်း milk tea alliances များဆီသို့ Area 21 Revolution Networkက ယနေ့ ဩဂုတ်လ ၁၃ရက်က ထုတ်ပြန်ကြေညာသည်။mizzima

အိုးဘိုအကျဉ်းထောင်တွင်း ဆန္ဒပြမှုနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်သားများ သမဂ္ဂက ကြေညာချက် ထုတ်

ဩဂုတ် ၈ရက်၊ညပိုင်းကဖြစ်ပွား မန္တလေးအိုးဘိုထောင်အတွင်း ဆန္ဒပြတောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ဩဂုတ်၉ရက်၊ရက်စွဲနဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

ထောင်းတွင်းဆန္ဒပြမှုမှာထောင်အာဏာပိုင်တွေက သေနတ်ပစ်ဖောက်ဖိနှိပ် ဖြိုခွင်းတာတွေ စစ်ကားတွေ ဝင်ရောက်သွားတာတွေကြောင့် နိုင်ငံရေး အကျဥ်းသားတွေရဲ့ လုံခြုံရေး စိုးရိမ်နေရသလို နိုင်ငံရေး အကျဥ်းသားတွေ ကိုဗစ်ကူးစက် မှုကြောင့် သေဆုံးတာတွေလည်း ရှိနေပေမယ့် ဆေးကုသခွင့် ပိတ်ပင်တားဆီးတာတွေရှိနေတဲ့အတွက်လည်း စိုးရိမ်နေရတယ်လို့ အဲဒီကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ (၁)မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊(၂)မတရားဖမ်းစီးခံ နိုင်ငံရေးအကျဉ်းသားများ၏ Covid-19ရောဂါ ကာကွယ်ရေး၊ကုသရေးအပါအဝင် ဆေးကုသခွင့်များ ရရှိရေးအတွက် ဆောင်ရွက်ပေးရန်၊(၃)မတရားဖမ်းစီးခံ နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက်ဖိနှိပ်မှုများ ရပ်တန့်ရန် ဆိုတဲ့ အချက် သုံးချက်လည်းပါဝင်ပါတယ်။mizzima

NUG မှ (၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားများသို့ သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေး အစိုးရမှ (၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားများသို့ ယနေ့ ဩဂုတ်လ ၈ရက်မှာ သဝဏ်လွှာပေးပို့ ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ နေ့ညမပျက် ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ် တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း သဝဏ်လွှာတွင် ပါရှိသည်။mizzima

ဖက်ဆစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေသော လူမျိုး၊ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ စုပေါင်းပြီး ကွန်ရက်ဖွဲ့စည်းကြောင်း သဘောထားကြေညာချက်

လူကျင့်ဝတ်ဂုဏ်သိက္ခာနှင့်မညီသည့်ဗွီဒီယို၊ ဓါတ်ပုံများမတင်ကြရန်မင်းတပ် (CDF)အဖွဲ့မှထုတ်ပြန်

မတူပီနှင့်မင်းတပ်ကြားမှာဖြစ်ပွားခဲ့သည့်တိုက်ပွဲအပြီးစကစတပ်မှသေဆုံးသူများရဲ့အလောင်းများကိုမြုတ်နှံထားရှိသည့်ပုံများ လူမှုကွန်ရက်စာမျက်နှာများနှင့်သတင်းမီဒီယာအချို့တွင်ထွက်ပေါ်လာတာနှင့်ပတ်သက်ပြီး ဒီကနေ့ ဩဂုတ်(၁)ရက်နေ့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)မှ သဘောထားထုတ်ပြန်လိုက်သည်။

” ထုတ်ပြန်ချက်ထဲမှာတော့ ကျွန်တော်တို့အကြောင်းအရာတော်တော်လေးဖော်ပြထား တယ်။အဲဒီထုတ်ပြန်ချက်က ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးတပ်တို့အားလုံးညိှနှိုင်းပြီးမှထုတ်ပြန်တာပါ။

အဓိကတော့သတင်းမီဒီယာမှာ မဟုတ်မမှန်သတင်းဆိုတာထက် ဟုတ်မှန်နေရင်တောင် တင်သင့်တဲ့သတင်းရှိတယ် မတင်သင့်တဲ့သတင်းရှိတယ် ဒါကိုလိုက်နာသင့်ပါတယ်”’ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇူလိုင်လ ၃၀ရက်နေ့ညပိုင်းက မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် (၇၃) တွင် CDF-မတူပီ၊ CNA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် ၁၀ ဉီးသေဆုံးခဲ့ကြောင်းသိရသည်။mizzima

ပအိုဝ်းအမျိုးသားကာကွယ်ရေးအဖွဲ့ (PNDF) က PNO ကို သတိပေးစာထုတ်

ပအိုဝ်းအမျိုးသားကာကွယ်ရေးအဖွဲ့ (PNDF) က PNO ကို သတိပေးစာ ဇူလိုင် ၂၉ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ PNO အဖွဲ့ဟာ စစ်ကောင်စီအလိုကျ ဒေသခံတွေကို ဉပဒေမဲ့ဖမ်းဆီးတာ၊ ပြည်သူပိုင် မြေယာတွေကိုသိမ်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက တိုင် တန်းချက်တွေရကြောင်းဆိုပါတယ်။အထက်ပါကိစ္စရပ်တွေနဲ့ပက်သက်လို့ မတရားဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေကို PNDF က ရှာဖွေစုဆောင်းပြီးလို့လဲ ဆိုပါတယ်။

ဒီ့အပြင် PNDF တပ်ဖွဲ့ဝင်တွေကိုလည်း နေရာအသီးသီးမှာ ဖြန့်ကျက်ထားပြီးဖြစ်ကြောင်းနဲ့ ပြည်သူ့ဘက်ကို သေနတ်လှည့်တဲ့ကိစ္စမှန်သမျှရပ်တန့်ဖို့ သတိပေးကြောင်းလ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဒီလိုမှမဟုတ်ရင် တောင်ကြီးရုံးချုပ်ကို ပစ်ဖောက်ခဲ့တာထက် ပိုမိုဆိုးရွားတဲ့ဖြစ်ရပ်မျိုး နောက်တစ်ကြိမ်လုပ်ဖို့ ဝန်လေးနေမှာမဟုတ်ကြောင်းလည်း PNO အဖွဲ့ကို သတိပေးကြောင်း PNDF က ထုတ်ပြန်ချက်ကတစ်ဆင့် ပြောဆိုလိုက်တာဖြစ်ပါတယ်။mizzima

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာစစ်အာဏာရှင်ကို ပြင်းထန်စွာ အရေးယူရန် ကျောင်းသားသမဂ္ဂ ၁၇၈ ခု တောင်းဆို

နိုင်ငံတကာအသိုင်းအဝန်းမှ လက်ရှိ မိမိတို့မြန်မာနိုင်ငံတွင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေနေများအားစပ်လျဉ်း၍ စစ်အာဏာရှင်အား ပိုမိုပြင်းထန်ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ထပ်တိုးဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံတဝန်းမှ ကျောင်းသားသမဂ္ဂများ နှင့် ပြည်ပရောက် မြန်မာကျောင်းသားသမဂ္ဂများ စုပေါင်း၍ ဤသဘောထားကြေငြာချက်အား ထုတ်ပြန်တောင်းဆိုလိုက်သည်။

ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများသည် မတရားအုပ်ချုပ်မှု၊ ဖိနှိပ်မှုများကို ဆန့်ကျင်ပုန်ကုန်သည့် ခေတ်အဆက်ဆက်တော်လှန်ရေးများကို ရှေ့ဆုံးမှဦးဆောင်လှုပ်ရှားခဲ့ကြသော သမိုင်းအစဉ်အလာကြီးမားသည့် တော်လှန်ရေးအင်အားစုများဖြစ်ကြကြောင်း၊

မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုမှ အစပြု၍ ဦးနေဝင်းအာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ၁၉၆၂ ဆန္ဒပြပွဲများ၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးအရေးတော်ပုံ၊ ၁၉၉၆ ဆန္ဒပြပွဲများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး တို့အပြင် ယနေ့ နွေဦးတော်လှန်ရေးအထိတိုင် ထောင်ပေါင်းများစွားသော ကျောင်းသားအာဇာနည်တို့သည် တော်လှန်ရေးအတွက် ၎င်းတို့၏ အသက်၊ သွေး‌၊ ချွေးတို့အားပေးဆပ်ခဲ့ပြီးကြပြီဖြစ်ကြောင်း၊

ယခု ဤသဘောထားထုတ်ပြန်ချက်အားထုတ်ပြန်သည့်အချိန်တွင် ကျွန်ုပ်တို့၏ ရဲဘော်ရဲဘက် ကျောင်းသားခေါင်းဆောင်အချို့မှာ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ အချို့မှာ စစ်ကြောရေးစခန်းများတွင် လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်မေးမြန်းခံနေရသည့် အခြေအနေရှိကြောင်း

စစ်အကြမ်းဖက်အုပ်စုက ပြည်သူ့အစိုးရထံမှ မတရားအာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မိမိတို့ မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊

ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်အုပ်စုမှ မတရားအကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၉၂၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပြီး လူပေါင်းထောင်ချီ ဖမ်းဆီးအကျဉ်းချခံထားရသည်။ ထို့အပြင် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှု၊ လေ‌ကြောင်းတိုက်ခိုက်မှု စသည်တို့ကြောင့် တိုင်းရင်းသားဒေသများတွင်လည်း စစ်ဘေးရှောင်ပေါင်းသောင်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊

ယခုကဲ့သို့ စစ်အုပ်စု၏ မတရားအကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှံးမှုများစွာရင်ဆိုင်နေရပြီးဖြစ်သော သန်းပေါင်းများစွာသော ပြည်သူ လူထုကို ကိုဗစ်ကပ်ရောဂါသည် ဆင်းရဲဒုက္ခတွင်းထဲသို့ ဆတိုးတွန်းပို့နေသည်။ နိုင်ငံတွင်းတွင် နေ့စဉ်နှင့်အမျှ ကိုဗစ်ကပ်ရောဂါကြောင့် ရာထောင်ချီသေဆုံးမှုများရှိနေကြောင်း၊

မြန်မာစစ်တပ်သည် ယခင်ပြည်သူ့အစိုးရ၏ ကိုဗစ်ကာကွယ်ဆေးဖြန့်ဝေရေးအစီအစဉ်များကို ပျက်စီးစေယုံမျှမက လက်ရှိအခြေအနေတွင် ပြည်သူလူထုအရေးတကြိးလိုအပ်သော အသက်ကယ်ဆယ်ရေးအရင်းအမြစ်များကို လိုက်လံဖြတ်တောက်နေကြောင်း

၊ဆေးရုံ၊ ဆေးခန်းများအား စစ်သားများမှဝင်ရောက်စီးနင်းထားခြင်း၊ ဆရာဝန်များ နှင့် ကျန်မားရေးဝန်ထမ်းများအား ပစ်မှတ်ထားခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်နေကြသည့်အတွက် ကျန်းမာရေးကဏ္ဍသည် ပြိုလဲပြီးအခြေအနေတစ်ရပ်တွင် ရှိနေကြောင်း၊

ထို့အပြင် မြန်မာစစ်တပ်သည် အောက်စီဂျင်စက်ရုံများ နှင့် အောက်စီဂျင်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ပြည်သူများ မရရှိနိုင်စေရန် ပိတ်ပင်တားဆီးမှုများပြုလုပ်နေပြီး စစ်တပ်နှင့် အကြမ်းဖက်စစ်ကောင်စီအသိုင်းအဝိုင်းအတွက်သာ အောက်စီဂျင်သိုလှောင်မှုများပြုလုပ်နေသည့်အတွက် ပြည်သူများစွာ အချိန်မသင့်ပဲ သေဆုံးနေကြရကြောင်း၊

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် တုနှိုင်းစရာမရှိလောက်အောင်ကို လွန်စွာအကျည်းတန်လွန်းလှကြောင်း၊

သို့ပါလျက် နိုင်ငံတကာအသိုင်းအဝန်းသည် ပြည်သူလူထုအား အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုများ ကျူးလွန်နေခဲ့သည့် မြန်မာစစ်တပ်အား ထိရောက်သည့်အရေးယူမှုများ မပြုလုပ်ခဲ့သည့်အတွက် လက်ရှိအခြေအနေတွင် စစ်အုပ်စုသည် ဘေးမဲ့ရထားသည့်အလား ထင်တိုင်းရမ်းကားနေခြင်းဖြစ်ကြောင်း၊

လွန်စွာမှ စိုးရိမ်ပါကြောင်းဖော်ပြထားသည့် သဘောထားထုတ်ပြန်ချက်များသည် ထိရောက်သည့်အကူအညီမဖြစ်လာသည့်အပြင် ကျွန်ုပ်တို့၏ သွေးချင်းသူငယ်ချင်းများ အသက်ပေးပုန်ကန်နေသည့် တော်လှန်ရေးကို လျှော့တွေးသဟန်ဖြစ်နေကြောင်း၊

စစ်အုပ်စုအား နိုင်ငံတွင်း ထောက်ခံမှုမရှိကြောင်း မြန်မာပြည်သူများသည် ဆယ်စုနှစ်များစွာ ပြတ်ပြတ်သားသား အသိပေးကြွေးကြော်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်အုပ်စုလုံးဝအုပ်ချုပ်၍မရစေရကြောင်း

ကျွန်ုပ်တို့၏ သွေး၊ချွေးတို့ဖြင့် တော်လှန်ရေးအတွင်း ရေးသားထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူထု၏အသံအား နားထောင်လုပ်ဆောင်ချိန်တန်ပြီလည်းဖြစ်ကြောင်း၊

သို့ပါ၍ ပြည်တွင်းပြည်ပ ဒေသအသီးသီးရှိ လက်မှတ်ရေးထိုးထားသော ကျောင်းသားသမဂ္ဂများသည် မြန်မာ့အရေးအတွက် ပိုမိုထိရောက်သော နိုင်ငံတကာအရေးယူမှုများ နှင့် ဆောင်ရွက်မှုများ ချက်ချင်းအကောင်အထည်ဖော်ရန် အောက်ဖော်ပြပါအချက်များကို တောင်းဆိုကြောင်း သိရှိရသည်။

-အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကိုရပ်တန့်ရန်ဆောင်ရွက်ရာတွင် ၎င်းတို့ထံသို့ လက်နက်စီးဆင်းမှုများကို ဖြတ်တောက်နိုင်ရေးသည် ပဓာနကျသည့်အလျောက် မြန်မာစစ်တပ်အပေါ်တွင် အပြည်ပြည်ဆိုင်ရာမှ လက်နက်ပိတ်ဆို့မှုဝါဒ ချမှတ်ပေးရန်။

-အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရတစ်ရပ်အဖြစ်အသိအမှတ်ပြုပြီး ပံ့ပိုးမှုများဆောင်ရွက်ရန်။ စက်တင်ဘာလတွင်ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးနေရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရန်။

-လူသားချင်းစာနာမှုအထောက်အပံ့များနှင့် ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများကို နယ်စပ်ဒေသယန္တရားများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားဒေသကျန်းမာရေးအဖွဲ့အစည်းများမှ တစ်ဆင့် ချက်ချင်းအမြန်ဆုံး ဖြန့်ချိပေးရန်။

-အာဆီယံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအား မြန်မာစစ်တပ်အပေါ်တွင် ထိရောက်သောအရေးယူမှုများပြုလုပ်ရေး ဖိအားပေးမှုများပြုလုပ်ရန်။ အာဆီယံ၏ ငါးချက်သဘာတူညီမှုသည် အားနည်းပြီး အချည်းနှီးသာဖြစ်ကြောင်း ပြသပြီးဖြစ်သည့်အတွက် နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် အာဆီယံကိုသာအားကိုးမနေပဲ ရှေ့တိုး၍ ပိုမိုပြင်းထန်ထိရောက်သော လုပ်ဆောင်ချက်များကို ဦးဆောင်ချမှတ်ရန်။

-မြန်မာစစ်တပ်၏ လက်နက်ဝယ်ရာတွင်သုံးစွဲနေသော ဝင်ငွေအရင်းအမြစ်အား ကန့်သတ်ရန်အတွက် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအား စီးပွားရေးပိတ်ဆို့မှုစာရင်းသွင်းရန်။khit thit

« Older Entries Recent Entries »