Category Archives: Video

နိုင်ငံတစ်ဝန်း လောင်းကစား၀ိုင်း၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ ချဲ၊ ထီတွေကို စစ်ကောင်စီက စီမံချက်နဲ့ ဖွင့်ခွင့်ပေးနေပြီး ဖမ်းဆီးခြင်းမရှိတဲ့အ ပြင် လုံခြုံရေးပါ ယူပေး(ရုပ်/သံ)

နိုင်ငံတစ်ဝန်း လောင်းကစား၀ိုင်း၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ ချဲထီတွေကို စစ်ကောင်စီက စီမံချက်နဲ့ ဖွင့်ခွင့်ပြုနေပြီး ဖမ်းဆီးခြင်းမရှိတဲ့အပြင် လုံခြုံရေးပါ ယူပေးနေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောကြားလာပါတယ်။ ရှမ်းပြည်နယ်ညောင်ရွှေ မြို့နယ် ၊ နန်းပန် ရဲစခန်း အပိုင်နယ်မြေထဲမှာ လောင်း ကစား၀ိုင်းတွေ ခွင့်ပြုနေပြီး လေးကောင်ဂျင် ၊ အန်စာသုံး သုံးတုံးကို ကြိုးဆွဲတဲံ လောင်းကစားမှုတွေ အပြင် ချဲ၊ ထီနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကိုပါ နန်းပန် ရဲစခန်း ဆက်ကြေးကောက် ဖွင့်ခွင့်ပေးတဲ့အပြင် လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အဲဒီကစား၀ိုင်းမှာ ရဲတွေနဲ့ စစ်သားတွေကိုယ်တိုင် လာပြီး လောင်းကစားလုပ်နေကြတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ အလားတူ မွန် ပြည်နယ်၊၊ မော်လမြိုင်မြို့နယ်၊ သရက်ကုန်းကျေးရွာမှာ လောင်း ကစားဝိုင်းကြီးက အတော်စည်းကားးနေပြီး ကားမျိုးစုံ ဆိုင်ကယ်မျိုးစုံ နဲ့လာရောက်ကစားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီလောင်း ကစား ၀ိုင်းတွေကို စစ်ကောင်စီဘက်က ငွေကြေးကောက်ခံပြီး ခွင့်ပြုပေးနေတာလို့ လည်း သိရပါတယ်။

“လောင်းကစားကြောင့် လင်မယားတွေကွဲကြ ကွာကြ။ မိဘဆွေမျိုးသားသမီးတွေ မျက်ရည်ပေါက်ကြီးငယ် ကျရပါတယ်။ ပူပင်သောကဝေနေကြရပါတယ်။ ပွဲတော်ကြီးကြနေတာပဲ တော်တော်ကို စည်ကားပါတယ်။ စစ်တပ်နဲ့ ရဲက ငွေကြေးကောက်ပြီး ခွင့်ပြုပေးထားတာ။ ဆက် ကြေးယူပြီး ခွင့်ပြုထားတာပါ။ လူတွေ အတော်လေးဘဝပျက်ကြရပါတယ်” လို့ သရက်ကုန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ အ လားတူ မြန်မာနိုင်ငံရဲ့ ရှေ့ဟောင်းသမိုင်းဝင် မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံးဂူဘုရားအနီးမှာ စစ်ကောင်စီက အားဝါးဒေး လောင်းကစား ပွဲအား နေ့ ရောညပါ မဏ္ဍပ်ထိုးပြီး ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

“အဲဒီလောင်းကစား၀ိုင်းတွေကို မွန်ငြိမ်းချမ်းရေးအဖွဲ့(စစ်ကောင်စီလက် အော က် ခံပြည်သူ့စစ်) တာဝန်ယူတာ။ လိုင်းကြေးကတော့ မွန် ပြည် နယ်အစိုးရနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး ခရိုင်ရဲမှုး၊ ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှုး ကျိုက်မရောမြို့နယ် ရဲမှူးတွေကို လိုင်းကြေးပေး‌ပြီး ခွင့်ပြုတာ။ ဘုရားဂေါပကလူကြီးတွေကို သေနတ်ပြပြီးခြိမ်းခြောက်ပြီး ဖွင့်ခိုင်းထားတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ဗီဒီယိုမှာ မွန်ပြည်နယ် ကျိုက်မရောမြို့ ခရုံးဂူဘုရားအနီးမှာ စစ်ကောင်စီက ခွင့်ပြုပေးထားတဲ့ ကြက်တိုက် လောင်းကစားပွဲလုပ်နေတာဖြစ်ပါတယ်။

Khit thit

ရန်ကုန်၊ ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ စစ်သား ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်(ရုပ်/သံ)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ဒေသကာ ကွယ်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၄နာရီ ၅၀ မိနစ်အချိန်တွင်ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံ ဘေးကပ်ရပ်ရှိ စစ်ကောင်စီ အင်အား အယောက် ၃၀ ခန့် တပ်စွဲထားသော ဘောလုံးကွင်းအား Area 21 ၏ မိတ်ဖတ်ညီနောင်များဖြစ်သော CGF YGN နှင့် Yangon Federal Army – YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ရန်သူ့ဘက်မှ ၁၀ ယောက်ထက်မနည်း ထိခိုက်နိုင်ကာ သေဆုံး များနိုင်ပြီး ဒေသကာကွယ်ရေးတပ်များ ထိခိုက်မှု မရှိဘဲ အောင် မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ Mission သည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပျံလွှာအောင် စစ်ဆင်ရေးတစိတ်တပိုင်း ဖြစ်ပြီး စစ်‌အာဏာရှင် အား အ မြစ်ပြတ် သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ khit thit

ရေဦးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပြီး စစ် သား ၇ ဦး သေဆုံး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပါရမီကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက် ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၇ ဦးသေဆုံးကြောင်း‌ ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါတိုက်ပွဲသည် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံစစ် အခိုင်အမာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း သိရှိရသည်။

“ဒီနေ့မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရေဦးမြို့နယ် ပါရမီကျေးရွာအနီး ခြေရှုပ်နေတဲ့ စစ်ခွေးတွေကို ရေဦး PDF နှင့် ရေဦးပကဖ တို့ ပူးပေါင်းတိုက်ခိုက်ပါတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရင်ဆိုင်ခဲ့လို့ စစ်ခွေး ၇ ကောင် မုန့်ဟင်းခါး ဖြစ်သွားပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက‌ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်မှ ကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများ ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ khit thit

ရန်ကုန်မြို့လယ်ခေါင် ၃၈ လမ်းထိပ်တွင် ပြည်သူတစ်ဦးကို စစ် သားများက ဝိုင်းရိုက်၊ ခြေ ထောက်ဖြင့်ကန်ပြီး သေနတ်ဒင်ဖြင့်ရိုက်နှက်ဖမ်းဆီး (ရုပ်/သံ)

ရန်ကုန်မြို့လယ်ခေါင် ၃၈ လမ်းထိပ် အပေါ်ဘလောက်တွင် ပြည်သူတစ်ဦးကို စစ်သားများက ဝိုင်းရိုက်၊ ခြေထောက်ဖြင့်ကန်ပြီး သေနတ်ဒင်ဖြင့် ဝိုင်းရိုက်မှု ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စည်ပင်နဲ့ အဲဒီပြည်သူက စကားအရင်များတယ်။ စည်ပင်က စခကိုဖုန်းဆက်ခေါ်တယ်။စစ်ကားတစ်စီးရောက်လာပြီး ကားပေါ်ကဆင်းတာနဲ့ အဲဒီလူကို ဝိုင်းရိုက်တာပဲ။ အဲဒီလူကို ဝိုင်းရိုက်နေတာ၊ သေနတ်တွေနဲ့လည်းထောင်းတယ်။ ပြီးတော့ စစ်ကားပေါ်ကို ပစ်တင်သွားတယ်။ လူ မြင်ကွင်းကြီးမှာ ခြေထောက်တွေနဲ့ကန် သေနတ်ဒင်တွေနဲ့ထောင်းနေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက‌ ပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါပြည်သူကို စစ်သားများက ဝိုင်းဝန်းရိုက်နှက်သည့် အကြောင်းအရာကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်တွင်း လူမဆန်သော ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်မှုများကို ပေါ်ပေါ်တင်တင်သော်လည်းကောင်း၊ စစ်ကြောရေးစခန်းများတွင်လည်းကောင်း ကျူးလွန်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားပြီးဖြစ်သည်။ khit thit

ရှားတောမြို့နယ်အတွင်း စစ်ကောင်စီ၏ နယ် မြေခံတပ်ရင်းမှူးစီးလာသော ကားကို ကရင်နီတပ်မတော် ပစ်ခတ်တိုက်ခိုက်၊ တပ်ရင်းမှူး အောင်ကိုကို အပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး အရှင်ဖမ်းမိ (ရုပ်/သံ)

ကယား (ကရင်နီပြည်)၊ ရှားတောမြို့နယ် နယ်မြေခံတပ်ရင်းမှ တပ်ရင်းမှူး စီးလာသော အိမ်စီးကားကို ကရင်နီတပ်မတော် KA က ဒီဇင်ဘာလ ၂၀ ရက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအောင်ကိုကို အပါအဝင် ၄ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း သတင်းရရှိသည်။

“ဖြစ်စဉ်က မှန်တယ်၊ ရှေ့ ၂ ရက်က ဖြစ်တာ၊ နယ်ခံတပ်ရင်းက တပ်ရင်းမှူး အောင်ကိုကို စီးလာတဲ့ကားကို ပစ်တာ ရှားတောမြို့နယ်ထဲမှာ၊ KN PP ပြည်ထဲရေးအဆိုအရ ဆိုတရှားမြို့နယ်ထဲမှာပေါ့” ဟု Karenni Army သတင်းရင်းမြစ်က ပြောသည်။

ရှားတောမြို့နယ်၊ သံလွင်မြစ်အရှေ့ခြမ်းတွင် တပ်ရင်းမှူးအောင်ကိုကို စီးလာသော ကားကို KA က ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦးသေဆုံး၊ ၁ ဦး အ ရှင်ဖမ်းမိကာ၊ လက်နက်များနှင့် အသုံးအဆောင်အချို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ယခုပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကရင်နီတပ်မ တော် က တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ khit thit

ကော့ကရိတ်မြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် KNLA ပူး ပေါင်းတပ်ကြား ယမန်နေ့ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေ ဆုံး (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စုအတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်းသေဆုံးကာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးဒဏ်ရာရသူများကို စစ်ကားကြီး ၁ စီးဖြင့် ကော့ကရိတ်မြို့ဘက်သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ သေဆုံးမှုစာရင်းကို ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပေ။နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က တပ်စွဲထားရာ ရွှေကြက်မင်းဘုရားကုန်းမှတဆင့် လက်နက်ကြီး (၃၀) ချက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။ khit thit

စစ်တပ်က လုံခြုံရေးပေးမည်ဖြစ်၍ မနက်ဖြန် ပြည်သူများ အပြင်ထွက်ကြရန်နှင့် အသံတိတ်သပိတ်တွင် မပါဝင်ကြရန် စစ်ကောင်စီက လော်စပီကာများဖြင့် တစ်နိုင်ငံလုံး ယခုည လိုက်အော်နေ (ရုပ်/သံ)

Khit thit

မုံရွာမြို့အဝင်ရှိ စစ်တပ်ဂိတ်စ ခန်းကို DGF ဝင်ပစ်၊ စစ်သား ၃ ဦးသေဆုံးပြီး ရန်ကုန်နှင့်ဒုန်းတောသွေးကြွေးအတွက် ဝင်ပစ်ဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၄ နာရီ ၅၅ မိနစ်တွင် Democratic Guerrilla Force – DGF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသူအရေအတွက်ကို စုံစမ်းဆဲဖြစ်ကြောင်း DGF က သတင်းထုတ်ပြန်သည်။

ရန်ကုန်နှင့် ဒုံးတောကျေးရွာရှိ ပြည်သူများ ရက်ရက်စက်စက်ခံခဲ့ရသည့်အတွက် သွေးကြွေးပြန်ဆပ်ခြင်းဖြစ်သည်ဟု Democratic Guerrilla Force က ဆိုသည်။ khit thit

ရန်ကုန်ဆန္ဒပြ လူငယ်များကို အရှိန်ဖြင့် ပြေးဝင်တိုက်သော စစ်ကား၊ စစ်ကားဖြင့်တိုက်၍ လူငယ် ၃ ဦး ပွဲချင်းပြီး သေ ဆုံး၊ ကျန် ၁ ဦးမှာ သွေးလွန်သေဆုံး (ရုပ်/သံ)

ရန်ကုန်တွင် ယနေ့ နံနက် ၈ နာရီကျော်အချိန် ဆန္ဒပြ လူငယ်များကို စစ်ကားဖြင့် တရှိန်ထိုး ဝင်တိုက်ခဲ့ပြီး လူငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကျန် ၁ ဦးမှာ သေနတ်ကျည်ထိမှန်၍ သွေးလွန်သေဆုံးသည်။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် ရန်ကုန်လူထု သပိတ်စစ်ကြောင်းက စစ်အာ ဏာရှင် ဆန့်ကျင်ရေး ချီတက်လာစဉ် စစ်တပ်က ကားဖြင့်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်း၍ သပိတ်စစ်ကြောင်းမှ လူငယ် ၄ ဦး ကျဆုံးသွားကြောင်း ဒေသခံ မျက်မြင်သက်သေများနှင့် သပိတ်စစ်ကြောင်းမှ လွတ်မြောက်လာသူများထံမှ သိရှိရသည်။

” “ရန်ကုန်လူထုသပိတ်” စစ်ကြောင်း ချီတက်ဆန္ဒပြနေတုန်း နောက်ကနေ Double Cup ဖြင့်ဝင်တိုက်တယ်။ သေနတ်ဖောက်တယ်။ အမျိုးသ မီး ၂ ၊ အမျိုးသား ၅ ဦးလောက်ပါသွားတယ်။ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းလို့ ကျဆုံးမှုရှိတယ်။ ညစျေးက မျက်မြင်သက်သေဈေးသည်အဒေါ်ကြီးလှမ်းပြောတာ ၄ ဦးကျဆုံးတယ်” ဟု သပိတ်စစ်ကြောင်းတစ်ခုမှ လူငယ်တစ်ဦးက ပြောသည်။

ပန်းပင်ကြီးလမ်းတွင် နေထိုင်သူ ပြည်သူများ၏ အဆိုအရ သေဆုံး အနည်းဆုံး ၄ ဦးရှိနိုင်ကြောင်း၊ သေနတ်ကျည်ဆန် ထိမှန်သူ ၁ ဦးရှိကြောင်း ပြောသည်။ “၄ယောက် ကားနဲ့တိုက်ခံရတယ်။ အဲဒီမှာ ၃ ဦးကတော့ ပွဲချင်းပြီးဆုံးတယ်။ တစ်ယောက်က ကားပေါ်ခေါ်တင်တဲ့အချိန်မှာဆုံးတယ်။ ကျည်ထိတာ တစ်ဦးရှိတယ်” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။ khit thit

« Older Entries